သံပရာခွံအသုံးဝင်ပုံကို အင်တာနက်ပေါ်မှာ ဖတ်မိတယ်။ လက်တွေ့စမ်းသပ်ချင်သူများအတွက် ပြန်မျှဝေပါတယ်။
အရည်ညှစ်ပြီးသား သံပရာခွံကို မပစ်ထုတ်ဘဲ ခွက်တစ်လုံးထဲထည့် ရေနွေးလောင်းထည့်ပြီး သံပရာရေနွေးကြမ်းအဖြစ် သောက်နိုင်ပါတယ်တဲ့။
သံပရာခွံကို ရေခဲသေတ္တာထဲထည့်ထားရင် ရေခဲသေတ္တာကို အနံ့အသက် ကင်းစင်စေသတဲ့။
သံပရာခွံကို ၁ဝမိနစ်လောက် မီးကင်ပေးရင် တစ်အိမ်လုံး သံပရာနံ့မွှေးစေနိုင်သလို အဲဒီအနံ့ကိုမနှစ်သက်တဲ့ ပိုးဟပ်တွေကိုလည်း အဝေးကို ပြေးစေနိုင်သတဲ့။ အဲဒီမီးကင်ပြီးသား သံပရာခွံကိုပဲ ကြောင်အိမ်ထောင့်တွေမှာ ထည့်ထားရင်လည်း ပိုးဟပ်တွေကို တားဆီးနိုင်သတဲ့။
ကုန်ကျစရိတ်သက်သာတဲ့နည်းမို့ စမ်းသပ်ကြည့်နိုင်ပါတယ်...
post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :နှင်းဆီဖူးလေးများ-Love BUDS

Post a Comment