၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပရာ မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းတွင် ပရိသတ်များ အဆင်ပြေစွာကွင်း အတွင်းဝင်ရောက်အားပေးနိုင်ရေးအတွက် ကွင်းဝင်ပေါက်(Gate)များအား ထပ်မံစီစဉ် သက်မှတ်လိုက်ပြီး ဂိတ်အသစ်တစ်ခုလည်း ဖွင့်လှစ်လိုက်သည်။ အထူးတန်းလက်မှတ် ၀ယ်ထားသူများအတွက် အသစ်ဖွင့်လှစ်လိုက်သည့် ဂိတ်မှာ ၇၃ လမ်း အထူးတန်း ၀င်ပေါက်ဖြစ်ပြီး ယင်းမှပွဲကြည့်စင်သို့ သွား ရောက်ရန်အတွက် Gate - Aမှ တစ်ဆင့် ၀င်ရောက်ရမည်ဖြစ်သည်။ ရိုးရိုးတန်း လက်မှတ်ဝယ်ထားသူများအနေဖြင့် ၆၈လမ်း Main Gate နှင့် Social Zone Gate များမှ ၀င်ရောက်ပြီးလျှင် ပွဲကြည့်စင်သို့ သွားရောက်ရေးအတွက်
Gate B, C, D တို့မှ ၀င်ရမည်ဖြစ်သည်။ မီဒီယာများအနေဖြင့်လည်း Gate Bမှ ၀င်ရမည်ဖြစ်ပြီး ဓာတ်ပုံရိုက်ကူးမည့် Photo-grapherများအတွက် ဂိတ်အမှတ် D-26 တွင် ကွင်းအတွင်းဝင်ရောက်နေရာယူရန် သက်မှတ်ထားသည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ပွဲစဉ်များအတွက် ဂိတ်များအားလုံး မွန်းလွဲ ၁၂နာရီမှ စတင်ကာ ဖွင့်လှစ်ပေးထားမည် ဖြစ်ပြီး ပွဲစဉ်များအတွက်လက်မှတ်များကို ဗထူးကွင်းနှင့် မန္တလေး အား/ကာ သိပ္ပံ ကျောင်းရှေ့ ၇၃လမ်းနှင့် ၆၈ လမ်း တို့တွင် နေ့စဉ်ရောင်းချပေးလျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ်နာမည်ကြီး ဗီယက်နမ်အသင်း နှင့် ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာနှင့် အင်ဒိုနီးရှားအမျိုးသမီးပွဲစဉ်လက်မှတ်ဝယ်ယူထားသူများအား မန္တလေး ဘောလုံးအကယ်ဒမီကျောင်းရှေ့တွင် လက်မှတ်ခများ ပြန်လည်ထုတ်ပေးနေပြီး လက်မှတ်ခမထုတ်လိုသူများကိုလည်း ယင်းလက်မှတ်ဖြင့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်ပွဲစဉ်ကို အခမဲ့ဝင်ရောက် အားပေးကြည့်ရှုနိုင်မည် ဖြစ်သည်။
Credit to 27th SEA Games Daily Vol-1, No-20 by ရဲရင့်ဌေး။
Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :http://forsports.com.mm/my/news/815
Post a Comment