0

ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့စည်ပင်သာယာရေးအဖွဲ့သည် အခွန်ကိစ္စမှလွှဲ၍ မြို့ပေါ်/ကျေးလက် စည်ပင်သာယာရေးကိစ္စရပ်များအပေါ် လုံးဝစိတ်ဝင်စားမှုမရှိသည့်အတွက်
မြို့ပေါ်ပြည်သူများမှ အောက်ပါတောင်းဆိုချက်များနှင့်အတူ ကန့်ကွက်ဆန္ဒထုတ်ဖေါ်ခွင့်တင်ပြီ
(၁) မြို့ပေါ်လမ်းများ အရည်အသွေးမြှင့်တင်ပေးရန် ။
(၂) ရေနုတ်မြောင်းများ ရှင်းလင်းပေးရန် ။
(၃) မြို့ပေါ်ရေပေးရေးစနစ်ကို အမြန်ဆုံးစနစ်တကျဆောင်ရွက်ပေးရန်။
(၄) မြို့ပေါ်သန့်ရှင်းရေးများ အမြန်ဆုံးဆောင်ရွက်ပေးရန် ။
(၅) မြို့ပေါ်ရပ်ကွက်များအားလုံးတွင် လျှပ်စစ်လမ်းမီးများတပ်ဆင်ပေးရန် ။
(၆) ဆိပ်ကမ်းခွန်များ ရပ်တန့်ပေးရန် ။
(၇) ပြည်သူလူထုများထံမှ အခွန်တိုးမြှင့်ကောက်ခံခြင်း လျှော့ပေါ့ပေးရန်။
(၈) စည်ပင်ဘားဂျက်များ အလွဲသုံးစားပြုမှု လုံးဝရပ်တန့်ပေးရန်။
(၉) စည်ပင် ဘိုင်လော့ (By Law) များအား အများပြည်သူများသိစေရန် ချပြပေးရန်။
(၁၀) လက်ရှိစည်ပင်ထောက်ကူပြုကော်မတီ လုံးဝအလိုမရှိ ။
စသည့်တောင်းဆိုချက်များဖြင့် ဆန္ဒထုတ်ဖေါ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ဗဟို စည်

အေးချမ်းမွန် Credit To >Share Arakan News< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top