ရန်ကုန်မြို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင်တည်ဆောက်လျက်ရှိသည့် တန်ဖိုးသင့်အိမ်ရာစီမံကိန်းနေရာများတွင်ယခင်နေထိုင်သူများမှ တိုက်ခန်းနေရာရရှိရေး၊ပေးထားသည့်ကတိများရရှိရေးအတွက်ဆန္ဒထုတ်ဖော်မှုကို ဒီဇင်ဘာလ(၆)ရက်နေ့နံနက်က ရန်ကုန်မြို့မြို့လယ်မဟာဗန္ဒုလပန်းခြံဘေးတွင်ပြုလုပ်ခဲ့ကြသည်။ ဒဂုံဆိပ်ကမ်း(၆၇)ရပ်ကွက်မှလာရောက်ဆန္ဒထုတ်ဖော်သူများသည် သမ္မတဦးသိန်းစိန်နှင့် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် တို့ကိုပါ ၎င်းတို့၏ကိစ္စရပ်များဖြေရှင်းပေးရန်တောင်းဆိုမှုများပါဝင်သည့် ပိုစတာများကိုင်ဆောင်ဆန္ဒပြခဲ့သည့်။ လူအင်အား (၁၀၀)ခန့်ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး တောင်းဆိုချက်များမရမချင်းဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းသိရသည် ။ ( ဓာတ်ပုံ / စိုင်းဇော် )
အေးချမ်းမွန် Credit To > The Irrawaddy (Burmese Version) < Thankhttps://www.facebook.com/excellencemedia
အေးချမ်းမွန် Credit To > The Irrawaddy (Burmese Version) < Thankhttps://www.facebook.com/excellencemedia

Post a Comment