Ref: Mail Online
နယူးယောက် ၊ ဒီဇင်ဘာ ၆။ ။လွန် စွာကြီးမား သည့် ရေခဲ မုန်တိုင်း ကြီးတစ်ခု ဒီဇင်ဘာ၆ရက်တွင် အမေရိကန်တစ်ဝန်း ကျရောက် ခဲ့ပြီး နိုင်ငံ၏ဒေသအများ အပြား မှာ ဖောက်ပြန်သော အခြေအနေ များနှင့် ရင်ဆိုင်ရုန်းကန်နေ ရသည်။ ဆောင်းရာသီမုန်တိုင်း ကလီယွန်ကြောင့် ရော့ကီးတောင် တန်း များနှင့် အနောက် အလယ် ပိုင်း၏ အထက်ပိုင်းဒေသများ တွင် ကြာသပတေး မှ သောကြာ နေ့အထိ ဆီးနှင်းများ သည်းထန် စွာကျရောက် ၍ တောင်ပိုင်းလွင် ပြင်များနှင့် အိုဟိုင်းယိုးမြစ်ဝှမ်းဒေသများ သည် နှင်းနှင့် ရေခဲတို့၏ ဒဏ်ကို အဆိုး ရွားဆုံးခံစား ရမည်ဖြစ်သည်။
အမေရိကန်၏ အနောက် ပိုင်းဒေသတစ်ဝန်း တွင် ရေခဲ များ ဖြစ်ပေါ်နေ မှုက ကားသမားများ ကိုဒုက္ခပေးလျက်ရှိ သည်။ ဝိုင်အို မင်းပြည်နယ် ရေဗာကန်ရှိအမျိုး သားရာသီဥတု ဌာန၏ ကြေ ညာ ချက် အရ ဗုဒ္ဓဟူးနေ့က အပူချိန် မှာ သုညအောက်၃၇ ဒီဂရီအထိ နိမ့်ဆင်းသွားကြောင်း သိရသည်။
ထို့အပြင် နိုင်ငံမြောက်ပိုင်း ရှိအလယ်ပိုင်းဒေသတွင် အပူချိန် များအနက် ၂ဝဒီဂရီ သို့မဟုတ် ယင်းထက်ပို၍ ဆိုးရွားနိုင် သည်။ ကျန်ဒေသများ၌လည်း မမျှော် လင့်သော အအေးဒဏ်နှင့် ရင် ဆိုင်ရနိုင် သည်။
မင်နီဆိုးတားပြည်နယ်တွင် အအေးဒဏ်ကြောင့် ကယ်တင် ရေးတပ်ခေါင်းလောင်းတီးသူများ မှာ အပြင်သို့မထွက်နိုင်ဘဲ အား လပ်ရက်ပါတီများကို ဖျက်သိမ်း လိုက်ရသည်။ သိပ်သည်းဆများ ၍ အေးစက်သောလေ က ရော့ ကီးတောင် တောင်ကြားဒေသ များ ကို တိုက်ခတ်၍ အနောက်ပိုင်းရှိ နိမ့်သော တောင်ကုန်းတချို့ ကို အေးခဲစေခဲ့သည်။
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/excellencemedia
Post a Comment