By ဒီဗွီဘီ
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ပိုင်ဆိုင်တဲ့ မရမ်းကုန်းမြို့နယ် ဝေဇယန္တာ လမ်းမကြီးပေါ်က ဂန္ဓမာလက်ကားအရောင်းကုန်တိုက်ကြီးဟာ ပုဂ္ဂလိက အာမခံလုပ်ငန်းတခု ဖြစ်တဲ့ အောင်သစ္စာဦးကုမ္ပဏီမှာ အာမခံထားတာကြောင့် မီးလောင်မှုအတွက် လျော်ကြေးရရှိတော့မှာ ဖြစ်ပါတယ်။
fireBuning10122013ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီတခုကပေးတဲ့ ပထမဦးဆုံး မီးဘေး အာမခံ ဖြစ်ပြီး ဘယ်လောက် ပေးရမယ်ဆိုတာကို ကုမ္ပဏီဘက်က တွက်ချက်နေတယ်လို့ ဆိုပါတယ်။
မီးလောင်မှုအတွင်း လူ ၇ ယောက်လည်း သေဆုံးခဲ့ပါသေးတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနဟာ အခုနှစ်ထဲမှာပဲ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၁ ခုကို လုပ်ပိုင်ခွင့် ချထားပေးခဲ့ရာမှာ နာမည်ကြီး စီးပွားရေးကုမ္ပဏီကြီးတွေရဲ့ လက်ခွဲကုမ္ပဏီတွေလည်း ပါဝင်ခဲ့ပါ တယ်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :DVB
Post a Comment