0


ဝေမာထွန်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

အစိုးရသစ်လက်ထက်တွင်ရန်ကုန်မြို့၌မော်တော်ယာဉ်အစီးရေတစ်သိန်းနှစ်သောင်းကျော်တိုးပွားလာသည်ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ခင်ကပြောသည်။

ယခင်အစိုးရလက်ထက်၌အစီးရေ နှစ်သိန်းတစ်သောင်းကျော်ရှိခဲ့ပြီးလက်ရှိတွင်အစီးရေ သုံးသိန်းသုံးသောင်းအထိတိုးပွားလာခြင်းဖြစ်သည်။

ထို့အတွက်ယာဉ်ကြောပိတ်ဆို့မှုများလည်းတိုးပွားလာသဖြင့်ရန်ကုန်မြို့တွင်းရှိ လမ်းပေါင်း၃၇လမ်းကို ယာဉ်မရပ်ရနေရာအဖြစ်ယခုနှစ်အတွင်းသတ်မှတ်ခဲ့သည်ဟု၎င်းကပြောသည်။

ထို့အပြင်ယခုနှစ်နိုဝင်ဘာလ၁၁ရက်မှ ဒီဇင်ဘာ ၅ရက်အထိ စည်းကမ်းမဲ့ယာဉ်များကိုကရိန်းဖြင့်ဆွဲယူဖမ်းစီးခဲ့ သည့်အစီးရေ ၅၅၈ စီးရှိပြီဟု ဝန်ကြီးဦးအောင်ခင်ကပြောသည်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :Popular Myanmar News Journal

Post a Comment

 
Top