By ဒီဗွီဘီ
မြန်မာ့လေကြောင်းဟာ ခရီးသည် ၁၂ ယောက်ဆံ့ ဆက်စနာ လေယာဉ်ငယ်လေးတွေ သုံးပြီး မန္တလေး ချမ်းမြသာစည်လေဆိပ်ကို အခြေပြုကာ လေကြောင်းခရီးစဉ်တွေကို ဒီနေ့ကစပြီး ပုံမှန် ပြေးဆွဲနေပြီလို့မြန်မာ့လေကြောင်း မန္တလေးရုံးခွဲ လက်မှတ်အရောင်းဌာန တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။
300px-Soko_Aviation_Cessna_680_Citation_Sovereignအပတ်စဉ် တနင်္လာကနေ့ကနေ သောကြာနေ့အထိ နေပြည်တော်၊ ဗန်းမော်၊ ကလေး၊ လားရှိုး၊ ညောင်ဦး၊ ဟဲဟိုးနဲ့ လွိုင်ကော်မြို့တွေကို အလျဉ်းသင့်သလို ပြေးဆွဲသွားမယ်လို့ သိရပါတယ်။
လက်မှတ်ခကတော့ မန္တလေး – နေပြည်တော် ကျပ် ၄ သောင်း ၂ ထောင်၊ မန္တလေး- ကလေး၊ မန္တလေး – ဗန်းမော်၊ မန္တလေး – လွိုင်ကော် ကျပ် ၄ သောင်း ၉ ထောင် ဖြစ်ပြီး နိုင်ငံခြားသားဆို ဈေးနည်းနည်း ပိုပါတယ်။
စနေနဲ့ တနင်္ဂနွေနေ့တွေမှာတော့ ၁၅ မိနစ် အပျော်စီးခရီးစဉ်နဲ့ စင်းလုံးငှားတာတွေ လုပ်ပေးသွားမယ်လို့ ကြေငြာထားပါတယ်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :DVB
Post a Comment