By ဒီဗွီဘီ
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိချာဂျီဝကို ဘန်ကောက်ရာဇ၀တ်ဆိုင်ရာ တရားရုံးက လူသတ်မှုနဲ့ ဒီနေ့ တရားစွဲလိုက်ပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
၂၀၁၀ ခုနှစ် ဆန္ဒပြမှုတွေကို နှိမ်နင်းရာမှာ လူဒါဇင်နဲ့ချီ သေဆုံးခဲ့ အမှုနဲ့ ပတ်သက်လို့ တရားစွဲခံရတာ ဖြစ်ပါတယ်။
ဒီအမှုဟာ အဘီဆစ် ဦးဆောင်တဲ့ အတိုက်အခံပါတီက ကျောထောက်နောက်ခံ ပေးထားတဲ့ ဆန္ဒပြသမားတွေက လက်ရှိ ၀န်ကြီးချုပ်ယင်းလပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
အဘီဆစ်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်လိုက်ပြီး ဒါဟာ နိုင်ငံရေးသဘောပါတဲ့ စွပ်စွဲချက် ဖြစ်တယ်လို့ ပြောပါတယ်။ မီဒီယာတွေကိုတော့ တွေ့ဆုံ ဖြေကြားခြင်း မရှိပါဘူး။
အဘီဆစ်ကို ဘတ်ငွေ ၁ ဒဿမ ၈ သန်း အာမခံနဲ့ ပြန်လွှတ်လိုက်တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။
လက်ရှိ ၀န်ကြီးချုပ် ယင်းလပ်ကို အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေက ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။
အခု နောက်ဆုံး နိုင်ငံရေး ထိပ်တိုက်တွေ့မှုတွေမှာ စစ်တပ်က ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။
ထိုင်းစစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ အတွင်းမှာ ၁၈ ကြိမ် အာဏာသိမ်းခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ လက်ရှိ ၀န်ကြီးချုပ် ယင်းလပ်ရဲ့အစ်ကို အရင် ၀န်ကြီးချုပ် သက်ဆင်ရှင်နာဝပ်လက်ထဲက အာဏာကို သိမ်းယူခဲ့ပါတယ်။
၂၀၁၀ ဧပြီနဲ့ မေလတွေမှာ သက်ဆင်ကို ထောက်ခံတဲ့ ရှပ်နီဝတ်တွေက ဘန်ကောက်မြို့လယ်မှာ ဆန္ဒပြခဲ့ပြီး ရွေးကောက်ပွဲ စောစောကျင်းပပေးဖို့ အဲဒီအချိန်က ၀န်ကြီးချုပ် အဘီဆစ်ကို ဖိအားပေးခဲ့ကြပါတယ်။
နောက်ဆုံးမှာ ဆန္ဒပြပွဲတွေကို စစ်တပ်က လူစုခွဲခဲ့ပြီး လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ပါတယ်။ သေဆုံသူ အများစုဟာ မစ္စတာ သက်ဆင်ကို ထောက်ခံသူတွေ ဖြစ်ပါတယ်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :DVB
Post a Comment