0


Sunday, 08 December 2013

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် ရောဂါဝေဒနာ ခံစားနေရသော ၎င်း၏အဒေါ်ဖြစ်သူ ကင်ယုံဟွီးကို အစိုးရ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန် ပြင်ဆင်လျက် ရှိပြီး သူမ၏နေရာတွင် ၎င်း၏ ညီမဖြစ်သူ ကင်ယိုဂျုံကို အစားထိုး ခန့်အပ်ရန် လျာထားလျက်ရှိ ကြောင်း တောင်ကိုရီးယား သတင်းဌာနများက ထုတ် ဖော်ပြောကြားခဲ့သည်။

အသက် ၆၅ နှစ်အရွယ်ရှိ ကင်ယုံဟွီးသည် ယခုလ အစောပိုင်းတွင် အာဏာရ အမျိုးသား ကာကွယ်ရေး ကော်မရှင် အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ရာထူးမှ ဖြုတ်ချခံခဲ့ရသည့် ဂျန်ဆုံသက်ခ်နှင့် ကွဲကွာနေသည့် ဇနီးသည်ဖြစ်ပြီး ၂ဝဝ၆ ခုနှစ်က ဥရောပတွင် သူမ၏ သမီးဖြစ်သူက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသောကြောင့် စိတ်ကျဝေဒနာနှင့် အရက်စွဲဝေဒနာ ခံစားနေရသည့် အပြင် ကင်ဆာရောဂါပါ ခံစားနေရကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်လျက် ရှိသည်ဟု သိရသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် ၎င်း၏ ဖခင်ကင်ဂျုံအီ လက်ထက်က တာဝန် ထမ်းဆောင်ခဲ့သော အဆင်မြင့် အရာရှိများ၏ နေရာတွင် နိုင်ငံအတွက် ယုံကြည် အားထားရမည့် လူငယ်လူရွယ်များကို အစားထိုး ခန့်အပ်လျက်ရှိကြောင်း တိုကျိုမြို့ရှိ ဝါဆဲဒ တက္ကသိုလ်မှ ပါမောက္ခတစ်ဦး ဖြစ်ပြီး မြောက်ကိုရီးယား ရေးရာ အာဏာပိုင် အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ တိုရှိမီဆု ရှီဂဲမူရာက ဗြိတိန်နိုင်ငံထုတ် Telegraph သတင်းစာသို့ ပြောကြား ခဲ့သည်။

မြ၀တီ
2

Post a Comment

 
Top