0


ရန်ကုန်၊ ဒီဇင်ဘာ ၁

အိန္ဒိယ၊ ဗီယက်နမ်နှင့် ပြည်တွင်း ကုမ္ပဏီများ ပူးပေါင်း၍ ကမ်းလွန်ရေနံ ရှာဖွေထုတ်လုပ်ရေး အစိတ်အပိုင်းများ တည်ဆောက်သည့် လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

ပြည်တွင်းမှ Shwe Sandar E & P Co., Ltd.၊ အိန္ဒိယနိုင်ငံမှ Petro 6 Engineering Construction Private Limited နှင့် ဗီယက်နမ်နိုင်ငံမှ Southern Petroleum Construction Joint Stock Company တို့ ပူးပေါင်း၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အတွင်းတွင် Alpha ECC Private Limited အမည်ဖြင့် လုပ်ကိုင်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အရာရှိတစ်ဦးကဆိုသည်။
“ပြည်တွင်းမှာ ဒီလိုလုပ်ငန်းမျိုးက အခုအချိန်မှာ တကယ်လိုအပ်နေတယ်။ ဖက်စပ်ဆိုတော့ နည်းပညာရတယ်။ ပြည်ပဈေးကွက်ထက် သက်သာမယ်ဆိုရင် ကမ်းလွန် စီမံကိန်းတွေများတဲ့ ဒီနိုင်ငံမှာ အလုပ်ဖြစ်မှာပါ” ဟု ပြည်တွင်း စွမ်းအင် ကုမ္ပဏီတစ်ခုမှ အရာရှိတစ်ဦးက ဆိုသည်။

အိန္ဒိယ Petro 6 Engineering Construction Private Limited သည် ကမ္ဘာတစ်ဝန်းတွင် ကမ်းလွန် ရေနံတူးစင် စီမံကိန်းများ တည်ဆောက်ခြင်း လုပ်ငန်း အဓိကထား လုပ်ကိုင်နေသော ဆောက်လုပ်ရေးနှင့် ဗိသုကာကုမ္ပဏီ တစ်ခုဖြစ်သည်။

ဗီယက်နမ် Southern Petroleum Construction Joint Stock Company သည် ရေနံတူးစင်နှင့် ကမ်းလွန်ရေနံ ထုတ်လုပ်သည့် ပစ္စည်းများ အဓိက ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီဖြစ်သည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top