0

ပေးစာ

ရဲရင့်ငယ် ခင်ဗျား

ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦး(ဗိုလ်ချုပ်) သိန်းထွန်း နှင့် အဖွဲ့
လာဘ်စားသဖြင့် တာဝန်မှ အနားပေးခံခဲ့ရပါသည်။ (အစိုးရမှ
မည်သို့ဖြစ်ရကြောင်း ရှင်းပေးမည်ဟုဆိုထားသော်လည်း ယနေ့အထိ မရှင်းပါ)။
လေတပ်ဦးစီးချုပ်ကို သမတ မှ အစားထိုးခဲ့ပါသည်။ (ရေတပ်ဦးစီးချုပ်မှာ
ဒုသမတ ဖြစ်လာခဲ့သဖြင့် မျက်စိလည်ရပါသည်။) ဦး(ဗိုလ်ချုပ်ကြီး)သိန်းစိန်မှ
သန့်ရှင်းသောအစိုးရ လုပ်နေခဲ့သည်ဟု ထင်ခဲ့မိပါသည်။

ယမန်နေ့ကလည်း သစ်ထူးလွင်သတင်းတွင် ဦး(ဗိုလ်ချုပ်)စိုးသိန်းမှ
အစိုးရအတွင်း အပြောင်းအလဲ လုပ်လိုသူမှာ လခစား ၁၀၀၀ တွင် ၁ ဦးသာ ရှိဟု
သိရပါသည်။ ၁၀၀၀၀ မှာ ၁ ဦးသာ ဖြစ်ပါမည်။

မိမိ နေပြည်တော် ၀န်ကြီးရုံးအမှတ် (၂) ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်
နည်းပညာ ၀န်ကြီးဌာန ၀န်ကြီးရုံး သို့ ရောက်ရှိချိန်တွင် ပူးတွဲပါ
ဓါတ်ပုံများအတိုင်း အပေါ်ထပ် ဗိုလ်ချုပ်မြတ်ဟိန်း ၏ ၀န်ကြီးအခန်းအ၀င်ဝ နံရံတွင်
ဗွီနိုင်းဖြင့် ကြီးမားသော ဓါတ်ပုံကို တွေ့မိချိန်တွင် များစွာအံ့အားသင့်မိပါသည်။

ရဲရင့်ငယ် သို့ အသိပေးချင်စိတ်ဖြင့် ထိတ်ထိတ်လန့်လန့်ဖြင့် ဓါတ်ပုံ
ခိုးရိုက်ရသောကြောင့် ကြည်လင်စွာ မရှိသော်လည်း သိသာပါသည်။ ဓါတ်ပုံကြီးမှာ
ရတနာပုံ တယ်လီပို့ ဖွင့်ပွဲပုံ (ဖြတ်ညှပ်ပြုပြင်) ဖြစ်ပြီး
ဗိုလ်ရွှေမန်းမှ အခန်းအနားဖွင့်ပေးနေလျက် ဗိုလ် သန်းရွှေ၊ မြေးဖိုးလပြည့်၊
သမီးတော်၊ မြတ်ဟိန်း၊ သိန်းဇော် နှင့် စစ်အစိုးရ အဖွဲ့ အချို့
တွေ့ရပါသည်။ ဗိုလ်သိန်းစိန်ကိုမူ မတွေ့မိပါ။

အံ့အားသင့်မိသည်မှာ ယခင်အစိုးရလက်ထက် ပတ်သက်ရာ ပတ်သက်ကြောင်းများ ယနေ့အထိ
တခန်းတနား ကိုးကွယ် ပင့်မနေဆဲရှိပုံ ကို ဓါတ်ပုံသက်သေကြီးနှင့်တကွ
(လူအများမြင်ရာတွင်တော့ မဟုတ်ပါ) တွေ့မြင်ရသဖြင့် ဗိုလ်သန်းရွှေ မှ ဗိုလ်သိန်းစိန်ကို
ဗိုလ်မြတ်ဟိန်းအား ခန့်ခိုင်းလိုက်လေသလားဟု ၄င်း၊ ပိုအံ့သြ မိသည်မှာ
ဖိုးလပြည့်မှ မည်သည့်အတွက် ယင်းပုံတွင် ထင်ထင်ရှားရှား စတိုင်အပြည့်ဖြင့်
ပါနေရပါသနည်း ဟု အံ့အားသင့်မိပါသည်။ ( မိမိ ရတနာပုံတယ်လီပို့ဆိုသည် အား
စိတ်ဝင်စားသူ မဟုတ်ပါ။ )တယ်လီနော နှင့် အူရီဒူ တို့ ဆက်သွယ်ရေးဝန်ကြီး
နှင့် မည့်သို့ နှစ်ပါးသွားမည်ကို ၀န်ထမ်းပီသစွာ စိတ်ဝင်စားပါသည်။
ယနေ့အထိလည်း လိုင်စင် မပေးသေးဟု သိထားပါသည်။

ရဲရင့်ငယ်မှ သတင်းအနေဖြင့် ဖော်ပြရပါက ဗိုလ်သန်းရွှေ ဖိုးလပြည့် ဗိုလ်မြတ်ဟိန်း
ဗိုလ်သိန်းစိန် နှင့် ပြည်သူသို့ အသိပေးစေလိုပါသည်။

အစိုးရ၀န်ထမ်းတစ်ဦး (ဗိုလ်စိုးသိန်း ပြောသည့် ၁၀၀၀ ထဲမှ ပြုပြင်လိုသူ ၁ ဦး)

အေးချမ်းမွန် Credit To >Ye Yint Nge < Thankhttps://www.facebook.com/excellencemedia
20

Post a Comment

 
Top