0


ယုဝေ|တနင်္လာနေ့၊ ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၃ ခုနှစ်

နိုင်ငံရေးတွင် ဘာသာရေးကို ခုတုံးမလုပ်ရန်နှင့် ချိန်ခွင်လျှာညီမျှရန် လိုအပ်သည်ဟု ဒီဇင်ဘာ ၈ ရက်၊ ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပခဲ့သည့် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံကိုယ်စားပြု ပုဂိ္ဂုလ်များ တက်ရောက်သည့် ဆွေးနွေးပွဲတွင် ခရစ် ယာန် ဘာသာကိုယ်စားပြု တက်ရောက်ဆွေးနွေးသူ ကိုစောလှိုင်ဘွားက တိုက်တွန်းခဲ့သည်။

“တိုင်းပြည်အတွက် အမျိုးသားရေးအတွက် နိုင်ငံရေးက ဘယ်ဘက်လက်ရုံး၊ ဘာသာရေးက ညာဘက်လက်ရုံး စသည်ဖြင့် balance ဖြစ်ဖို့ လိုအပ်ပါတယ်။ တစ်ခုနဲ့တစ်ခု ၀င်ရောက်စွက်ဖက်ပြီးတော့မှ ခုတုံးမလုပ်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် ရန်တိုက်ပေးနေသူများကြောင့် ထွက်ပေါ်နေသော သတင်းမျိုးစုံအပေါ် အများ ပြည်သူ အမှန်သိရေး ကြိုးပမ်းရန်လိုအပ်သည်ဟု အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး ဦးအေးလွင်ကလည်း ဆွေးနွေးသည်။

“ကောလာဟလတွေက တစ်ခါတလေ သေချာဖတ်ကြည့်လိုက်ရင်ကို ဘယ်လိုမှ အခြေအမြစ်မရှိဘူးဆို တာ ရှင်းစရာမလိုပဲနဲ့ကို သိသာပါတယ်” ဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲသို့ သီတဂူအရှင် တိက္ခသာရအပါအ၀င်၊ အခြားဘာသာပေါင်းစုံမှ ကိုယ်စားပြုသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများ၊ ပရဟိတလုပ်ငန်း လုပ်ဆောင်နေသည့် လူငယ်များ တက်ရောက်ကြပြီး မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အေးချမ်းမွန် Credit To > Mizzima - News in Burmese < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top