0

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေ ရပ်ကွက်ရှိ သင်္ဃန်းကျွန်း အဆင့်မြင့်ဈေးသစ်ကြီး၏ အနီးရှိ အနော်ရထာ လမ်းပေါ်တွင် အဆောက်အအုံ ဆောက်လုပ်နေမှုများကို ရပ်ဆိုင်းခြင်း မရှိပါက ဈေးအနီး နေထိုင်သူများက မူလလမ်းအတိုင်း ထားရှိရန် ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူအချို့က တညီတညွတ်တည်း ပြောကြားသည်။

အရှည်ပေ ၂၀၀၊ အကျယ် ပေ ၅၀ ရှိသော အနော်ရထာလမ်း မြေနေရာတွင် ဈေးသစ် ဆောက်လုပ်ခွင့်ရသည့် အောင်ကောင်းကျော် ကုမ္ပဏီက မိလ္လာကန် (Septic Tank) တည်ဆောက်ခြင်း၊ ထရန်စဖော်မာ ထားရှိခြင်းနှင့် စည်ပင်ခရိုင်ရုံး တည်ဆောက်ရန် လျာထားခြင်း တို့ကြောင့် လမ်းမပျောက်ပျက်စေရန် အများပြည်သူပိုင်လမ်းကို မူလလမ်း အတိုင်းသာ ထားရှိစေလိုကြောင်း ဦးစံဖေလမ်းမှ လမ်းကော်မတီဝင် ဦးသန်းအောင်က ပြောကြားသည်။
“ပေ ၅၀ လောက် ကျယ်ခဲ့တဲ့ ဦးစံဖေ လမ်းဘက်က အဝင်မှာ အမှိုက်ကန်နဲ့ ထရန်စဖော်မာ ရှိတာကြောင့် ဆိုက်ကားတစ်စီးနဲ့ လူတစ်ယောက်တောင် မနည်း ရှောင်နေရတယ်” ဟု ၎င်းကရှင်းပြသည်။

၂၀၁၂ ခုနှစ် မေလက ဆောက်လုပ်ခွင့်ရ ကုမ္ပဏီမှ တာဝန်ခံက သင်္ဃန်းကျွန်း အဆင့်မြင့်ဈေး အဆောက်အအုံ၏ ယာဉ်အဝင်အထွက်လမ်း၊ မီးသတ်ကားနှင့် အရေးပေါ် ကိစ္စများအတွက် အသုံးပြုရန် ပတ်လမ်းအနေနှင့် ထားရှိမည် ဖြစ်ကြောင်း ပြောကြား ခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင်း ယင်းကဲ့သို့ တည်ဆောက်လျက် ရှိကြောင်း သင်္ဃန်းကျွန်း ဈေးတွင် နှစ် ၂၀ ခန့် ပန်းထိမ်ဆိုင် ဖွင့်ထားသူ ဦးသိန်းလွင်က ပြောကြားသည်။

အဆိုပါ လမ်းပေါ် အဆောက်အအုံများ တည်ဆောက်နေမှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းဈေးသစ် တည်ဆောက်ခွင့်ရသော အောင်ကောင်းကျော် ကုမ္ပဏီကို ဆက်သွယ် မေးမြန်းရာ ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်လည် ဆက်သွယ်မည်ဟု အဆိုပါ ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖြေကြားသည်။

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :The Voice Weekly
https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top