0

မဇ္ဈိမ| သောကြာနေ့၊ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်

၂၀၁၃ ဆီးဂိမ်း ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဒိုင်အဖြစ် ပူးတွဲတာဝန်ယူမည့် မြန်မာဒိုင်များအတွက် စားစရိတ် အနေဖြင့် တစ်ရက်လျှင် ၄,၀၀၀နှုန်းပေးမည်ဟု အဖွဲ့ချုပ်မှ ပြောကြားထားသော်လည်း ယနေ့အထိ တစ်ဦး တစ်ယောက်မျှ မရရှိသေးကြောင်း သိရသည်။

ဒိုင်များသည် ရန်ကုန်မှ မန္တလာမင်းခရီးသွား ၀န်ဆောင်မှုကားများဖြင့် ဒီဇင်ဘာ ၈ ရက်က နေပြည်တော် သို့ထွက်ခွာလာခြင်းဖြစ်ပြီး စည်ပင်ရိပ်သာ ၁ တွင် တည်းခိုလျက် ရှိသည်။ ဒိုင်တစ်ဦးက “တစ်ရက် စား စရိတ် လေးထောင်ပေးမယ် ပြောတယ်။ တစ်ယောက်မှ မရသေးဘူး။ ကိုယ့်စရိတ်နဲ့ကိုယ် စားနေရတယ်။အဆင်မပြေဘူးပေါ့။ နောက်ပြီး စည်ပင်မှာ တည်းတဲ့လူများတော့ ဆိုင်တွေကမှာလိုက်ရင် စောင့်ရတာတို့ လူတအားများတာတို့ အဆင်မပြေတာလေးတွေတော့ ရှိတာပေါ့” ဟု ပြောသည်။

ပြေးခုန်ပစ်ပြိုင်ပွဲတွင် တာဝန်ယူမည့် မြန်မာဒိုင်လူကြီး ၁၉၂ ယောက်ရှိပြီး မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် မှနေပြည်တော်သို့ လာရောက်ရသည့် ခရီးစရိတ်များကိုမူ ပြန်လည်ပေးကြောင်းဒိုင်များက ပြောကြားသည်။

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :Mizzima - News in Burmese
https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top