0


ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိပ်ကမ်းအရောက် မော်တော်ယာဉ်တန်ဖိုး (CIF−Cost Insurance Freigh) ကို ၂၀၁၄ ခုနှစ်တွင် ပြောင်းလဲမည်ဟူသော သတင်းများကြောင့် အောက်တိုဘာလမှ စတင်၍ အရောင်းအဝယ် အေးစက်လျက်ရှိသော မော်တော်ယာဉ် ဈေးကွက်မှာ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ကျပ်သိန်းတစ်ရာ ဝန်းကျင် မော်တော်ယာဉ်များ အနည်းငယ် အရောင်းအဝယ် ပြန်လိုက် လာကြောင်း မော်တော်ယာဉ် ဈေးကွက် အတွင်းမှ သိရသည်။

CIF တန်ဖိုး သတ်မှတ်မှု ငြိမ်သက် သွားခြင်းကြောင့် အရောင်းအဝယ် ပြန်တက်လာခြင်း ဖြစ်ပြီး ပြန်အေး သွားနိုင်ဖွယ်လည်း ရှိကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်း ဦးအောင်ကျော်စိုးက ပြောကြားသည်။
“လူတွေက ခဏမေ့သွားလို့လား မသိဘူး။ ဈေးအနိမ့်ပိုင်း ကားလေးတွေ အရောင်းအဝယ် နည်းနည်း ပြန်ဖြစ်လာတယ်” ဟု ၎င်းကဆိုသည်။

ကျပ်သိန်းတစ်ရာ ဝန်းကျင် မော်တော်ယာဉ်များ၊ ထိုင်းနိုင်ငံထုတ် ဂျီဘို၊ R & Fax မော်တော်ယာဉ်များနှင့် ဟိုင်းအေ့စ် မော်တော်ယာဉ်များ အရောင်းအဝယ် ပြန်ကောင်းလာကြောင်း ယာဉ်ဝယ်ရောင်း ဦးအေးကျော်က ပြောကြားသည်။

မော်တော်ယာဉ် ဈေးကွက်အတွင်း အရောင်းအဝယ် လိုက်လျက်ရှိသော R & Fax မော်တော်ယာဉ် (မော်ဒယ်လ် ၂၀၀၂-၀၃) တစ်စီးလျှင် ကျပ်သိန်း ၂၄၀ ဝန်းကျင် ဈေးပေါက်ပြီး ဟိုင်းအေ့စ် မော်တော်ယာဉ် (မော်ဒယ်လ် ၁၉၉၅) တစ်စီးလျှင် ကျပ်သိန်း ၁၃၀ ခန့် ဈေးပေါက်ကြောင်းေ

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :The Voice Weekly
https://www.facebook.com/excellencemedia
2

Post a Comment

 
Top