0

Thursday, December 12, 2013

၂ဝ၁၃ ခုနှစ် နိုဘယ်လ် ဆုပေးပွဲ အခမ်းအနားကို ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့ရှိ Concert Hall ၌ ဒီဇင်ဘာ ၁ဝ ရက်က ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိထားသူ များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုပေးပွဲသို့ စာပေဆိုင်ရာ နိုဘယ်လ်ဆုရှင် အဲလစ်မန်ရိုသည် ကျန်းမာရေး အခက် အခဲကြောင့် မတက်ရောက် နိုင်သဖြင့် ၎င်း၏ သမီးဖြစ်သူ ဂျင်းနီမန်ရိုက ကိုယ်စား တက်ရောက် ခဲ့ပြီး Nobel Foundation ဘုတ်အဖွဲ့မှ ဥက္ကဋ္ဌ ကားလ်ဟန်ရင့်ခ် ဟယ်လ်ဒင်က မိန့်ခွန်း ပြောကြားခဲ့သည့် အပြင် ၁၉၉၃ ခုနှစ်၏ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် နယ်လ်စန် မန်ဒဲယ်လာ ကိုလည်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ယခုနှစ်၏ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ဓာတုလက်နက် အသုံးပြုမှု တားမြစ်ရေး အဖွဲ့ (opcw) ကရရှိခဲ့ပြီး ဆေးပညာ နိုဗယ်ဆုကို ဂျိမ့်စ်ရော့ဘ်မန်း၊ ရန်ဒီ W. ရှက်စ်မန်နှင့် သောမတ် C. စက်ဒ်ဟော့ဖ်တို့ ရရှိခဲ့သည်။

အလားတူ စီးပွားရေး ဆိုင်ရာ နိုဗယ်ဆုကို အူဂျင်အက်စ်ဖာမာ၊ လားစ်ပီတာ တန်စန်နှင့် ရော့ဘတ် J. ရှဲလ်လာတို့က အသီးသီး ရရှိခဲ့သည်။ နိုဘယ်လ်ဆု ရရှိသူ များကို ဆွီဒင်ဘုရင် ကားလ် XVI ဂက်စ်တပ်က နိုဘယ်လ်ဆု၊ ဆုတံဆိပ်နှင့် အမေရိကန် ဒေါ်လာ ၁ သန်းခန့်ကို ကိုယ်တိုင်ချီးမြှင့် ပေးခဲ့ကြောင်းနှင့် နိုဘယ်လ်ဆု ရရှိသူများ စာရင်းကို နိုဝင်ဘာ လတွင် ကြေညာ ခဲ့ပြီး ဒိုင်းနမိုက် တီထွင်ခဲ့သူ ဆွီဒင် နိုင်ငံသား အဲဖရက် နိုဘယ် သေဆုံးသည့် နှစ်ပတ်လည် ဒီဇင်ဘာ ၁ဝ ရက်တွင် ဆုပေးပွဲ အခမ်း အနားကို နှစ်စဉ် ကျင်းပလေ့ ရှိကြောင်း သိရသည်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :မြ၀တီ
4

Post a Comment

 
Top