Thursday, December 12, 2013
American Airlines နှင့် US Airways လေကြောင်း ကုမ္ပဏီ နှစ်ခုတို့သည် ကမ္ဘာ့ အကြီးဆုံး လေကြောင်း ကုမ္ပဏီကြီး တစ်ခုကို တည်ထောင်၍ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်း တစ်ရပ်ကို တည်ထောင်ရန် ကြိုးပမ်းခဲ့ရာ ယခု အခါတွင် အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
American Airlines ၏ ပင်မ ကုမ္ပဏီ တစ်ခုဖြစ်သော AMR ကော်ပို ရေးရှင်းသည် ၂ဝ၁၁ ခုနှစ်တွင် ဒေဝါလီ ခံခဲ့ပြီးနောက် အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုကို စတင် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
American Airlines နှင့် US Airways တို့၏ ပူးပေါင်း ဆောင်ရွက်မှုကို အမေရိကန် တရားရေး ဌာနမှ ယခင်က ပိတ်ပင် တားမြစ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ တားမြစ် ရခြင်းမှာ ကုမ္ပဏီချင်း ယှဉ်ပြိုင်မှုနှင့် ပတ်သက်၍ ထွက်ပေါ်လာသည့် စိုးရိမ် ပူပန်မှု များကြောင့် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အဆိုပါ လေကြောင်း ကုမ္ပဏီကြီး နှစ်ခု ပူးပေါင်း၍ ကုမ္ပဏီ သစ်ကြီး တစ်ခု တည်ထောင်ခြင်း အားဖြင့် ၎င်းတို့အတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် သက်သာ စေနိုင်မည်ဟု ၎င်းကုမ္ပဏီ နှစ်ခုက မျှော်လင့်လျက် ရှိကြောင်း သိရသည်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :မြ၀တီ

Post a Comment