0


ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ်

လက်ကျန်နိုင်ငံရေးအကျဉ်း သားများပြန်လည်လွှတ်ပေးနိုင်ရေး အတွက် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအစည်းအဝေး ကို ဒီဇင်ဘာ (၇)ရက်နေ့က Myanmar Peace Centre တွင် ပြုလုပ်ခဲ့ရာ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီ ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း နှင့်သက်ဆိုင်ရာအဖွဲ့စည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူအမျိုးသားဒီမိုက ရေစီပါတီသစ်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ““ နိုင်ငံရေးအကျဉ်းသားအကုန်လုံး ကို ဒီနှစ်မကုန်ခင်ပြန်လည်လွှတ် ပေးမယ်ဆိုပြီး သမ္မတဦးသိန်းစိန် ပြောခဲ့တာကိုနိုင်ငံတကာကလည်း အလေးထားတယ်။ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေမှမဟုတ် ဘူး။ နိုင်ငံသားအကျဉ်းသားတွေ လွှတ်ဖို့အတွက်ကို ဒီနေ့အစည်း အဝေးမှာဆွေးနွေးဖြစ်ခဲ့ပါတယ်”” ဟု ပြောသည်။

““လက်ကျန်နိုင်ငံရေးအကျဉ်း သားစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းကလက်တွေ့ကျကျတိုင်း ချစ်ပြည်ချစ်စိတ်နဲ့ဆောင်ရွက်ပေး နေတယ်။ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေနဲ့နိုင်ငံသားအကျဉ်း သားတွေပြန်လည်လွတ်မြောက် ဖို့ကအရေးကြီးပါတယ်။ မိသားစု တွေပြန်လည်ပေါင်းစည်းနိုင်ဖို့လို အပ်တယ်။ ဒီအချိန်မှာအမျိုးသား ပြန်လည်သင့်မြတ်ရေးရရှိဖို့အတွက် ကြိုးပမ်းနေချိန်မှာအားလုံးပါဝင် နိုင်ဖို့လိုအပ်ပါတယ်။ လူသားခြင်း စာနာမှုကိုဖော်ပြတဲ့ လုပ်ရပ်ဖြစ် တဲ့အတွက် ဒီလိုလုပ်ခွင့်ပေးတဲ့ သမ္မတဦးသိန်းစိန်ကိုကျေးဇူးတင် ပါတယ်။ တာဝန်ရှိသူတွေကိုလေး လေးနက်နက်အသိမှတ်ပြုပါ တယ်”” ဟု ၎င်းကဆက်ပြောသည်။

ယင်းအစည်းအဝေးမှထောက် လှမ်းရေး (၂၁)ယောက်ကို နိုင်ငံရေး အကျဉ်းသားခေါင်းစဉ်မှမလွှတ် ပေးပဲ အခြားသောခေါင်းစဉ်တစ် ခုဖြင့် လွှတ်ပေးရန်အတွက်သဘော တူညီမှုရခဲ့ကြောင်း သိရသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှဦးရဲအောင်က ““လက်ကျန် နိုင်ငံရေးအကျဉ်းသားစာရင်းတွေကို တင်ပြဖြစ်တယ်။ နောက်ဆုံးကျန် နေတဲ့ သူတွေကအခြားသော ပုဒ်မတွေပါလာတဲ့အတွက်သူတို့က ဒီအမှုနဲ့ပတ်သက်ပြီးတော့ ဘယ် လိုပတ်သက်တယ်ဆိုတာကိုအသေး စိတ်စိစစ်ဖို့အတွက် ဆွေးနွေးခဲ့ တယ်။ ရရှိလာတဲ့အချက်တွေနဲ့ အတူ သမ္မတကိုတင်ပြသွားမှာ ဖြစ်ပါတယ်”” ဟု ဆိုသည်။

လက်ကျန်နိုင်ငံရေးအကျဉ်း သားစိစစ်ရေးကော်မတီဖွဲ့စည်း၍ ပြန်လည်လွှတ်ပေးမှုသည် ပဉ္စမ အကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်

Credit To:Hot News
2

Post a Comment

 
Top