0


အမြင့်ပျံမည့် ငှက်ကလေးတစ်ကောင်ကို ပထမဦးဆုံးပျံမည့်အချိန်၊ တနည်းအားဖြင့် အတောင်မစုံသေးတဲ့အချိန်မှာ ပေးပျံဖို့ ခွင့်မပြုစေချင်ပါဘူး။ ငှက်ကလေးတွေက သဘာဝအရ ပျံသန်းချင်ပေမယ့် တာဝန်ရှိတဲ့အုပ်ထိမ်းသူတွက အချိန်အခါနဲ့ အညီပျံသန်းနိုင်ဖို့ ပြင်ဆင်မှုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ငှက်တိုင်းကတော့ အမြင့်မှာ ပျံကြတာချည်းပါ၊ဒါပေမယ့်ပျံသန်းရမည့်အချိန်မဟုတ်ပဲ ပျံထွက်သွားတဲ့အခါသူမကြုံဖူးသေးတဲ့ လေမုန်တိုင်းဒဏ်ကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်ပါဘူး။သူ့ တို့ အတွက်အဲ့ဒီအချိန်ကအရမ်းအန္တရာယ်ကြီးလွန်းပါတယ်။သူတို့ ရဲ့အမြင့်ပျံသန်းရမည့်အချိန်ကနေ မြေပေါ်ထိုးဆင်းပြီးဘ၀နိဂုံးချုပ်မဲ့အချိန်ကို ရောက်သွားတော့မှာပါ။

ဒီလိုပါပဲ အမြင့်ပျံမည့် ငှက်ကလေးတွေလို အညွှန့် တလူလူနဲ့ တက်နေတဲ့ အနာဂါတ်ကြယ်ပွင့်လေးတွေရဲ့ဘ၀ကိုမှန်ကန်တဲ့လမ်းကြောင်းကို ဖြောင့်ဖြောင့်တန်းတန်းလျှောက်လှမ်းသွားနိုင်ဖို့ က အုပ်ထိမ်းသူအားလုံးနဲ့ ဆိုင်ပါတယ် ။

မိဘအုပ်ထိမ်းသူတွေဟာကလေးငယ်တွေလူလားမမြောက်သေးသရွေ့ သူတို့ ရဲ့တာဝန်ဝတ္တရားက မပြီးဆုံးသေးပါဘူး ။ ဒါကြောင့် တာဝန်တွေကို ကျေပွန်စွာယူရင်း သား၊သမီးရတနာလေးများကို ဖွံ့ ဖြိုးတိုးတက်တဲ့ လူဘောင်သစ်ကြီးဆီသို့ အရောက် ပို့ ဆောင်ပေးကြဖို့ အကြံပေးရေးသားလိုက်ရပါသည်။

လေးစားစွာဖြင့်
True Man

အေးချမ်းမွန် Credit To >ဘဝစာမျက်နှာ < Thankhttps://www.facebook.com/excellencemedia
31

Post a Comment

 
Top