Created on Thursday, 12 December 2013 00:19
(၃၉) နှစ်မြောက် ဦးသန့်အရေးအခင်း နှစ်ပတ်လည်နေ့ ဂါရ၀ပြုပွဲကို ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဦးသန့်ဂူဗိမာန်တွင် ပြုလုပ်ခဲ့သည်။
ဂါရ၀ပြုပွဲ၌ ဦးသန့်ဈာပနကျင်းပရေးနှင့် ဂူဗိမာန်တည်ဆောက်ရေးတွင် ဦးဆောင်ပါဝင် ဆောင်ရွက်ခဲ့ကြသူများက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အား ကန်တော့ ဂါရ၀ပြုခဲ့ကြပြီး မြန်မာ့ငြိမ်းချမ်းရေး ဆောင်ရွက်ရေးတွင် ကိုယ်ကျိုးမဖက်စွမ်းဆောင်ကြိုးပ
ထို့နောက် ပြည်သူသို့ ပန်ကြားချက် တစ်စောင်ထုတ်ပြန်ခဲ့ရာ အဆိုပါပန်ကြားချက်တွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အငြိမ်းချမ်းဆုံးသော နည်းလမ်းဖြင့် အကောင်အထည်ဖော်နိုင်ရန် အတွက် ပြည်သူလူထုအားလုံး လက်တွဲဆောင်ရွက်ကြပါရန် ထည့်သွင်းပန်ကြားခဲ့သည်။
ပြည်ထောင်စုတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်ထိ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အမျိုးသားကျောင်းဆရာကြီး ဦးသန့်ကို ၁၉၀၉ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်တွင် ပန်းတနော်မြို့၌ မွေးဖွားခဲ့သည်။
၁၉၅၇ ခုနှစ်တွင် ဦးသန့်သည် ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃ ရက်မှစ၍ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလအထိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်
ဒီဇင်ဘာ ၁ ရက်တွင် ဦးသန့်၏ ရုပ်ကလာပ် မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာရာ ဗိုလ်ချုပ်ကြီး နေ၀င်းဦးဆောင်သော အစိုးရက တာမွေမြင်းပြိုင်ကွင်းဟောင်းတွင
" နိုင်ငံနဲ့ နိုင်ငံသားတွေ အတွက်တင်မကပါဘူး။ ကမ္ဘာအတွက်ပါ စွမ်းဆောင်ခဲ့တဲ့ သူ့ရဲ့ဆောင်ရွက်ချက်တွေဟာ ဘယ်တော့မှ မေ့ပျောက်သွားမှာမဟုတ်ပါဘူး။ စစ်အစိုးရရဲ့တုံ့ပြန်မှုတွေဟာလည်
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Eleven Media Group
Post a Comment