Home
»
ပြည်တွင်းရေး
» လူ့အခွင့်အရေးနှင့် ပတ်သက်၍ တိုင်ကြားစာများ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ၁၅၉၉ မှုရှိခဲ့ပြီး တိုင်ကြားစာများ ဆက်လက်ရောက်ရှိနေကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်
Created on Thursday, 12 December 2013 00:29 လူ့အခွင့်အရေးကာကွယ်မှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ တိုင်ကြားစာပေါင်း ၁၅၉၉ မှုကို လက်ခံရရှိပြီး လူ့အခွင့်အရေးနှင့် ပတ်သက်၍ တိုင်ကြားစာများ ဆက်လက်ရောက်ရှိနေသေးကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာလူ့အခွင့်အရေးနေ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကော်မရှင်သို့ ရောက်ရှိလာသော လူ့အခွင့်အရေး ကာကွယ်မှုနှင့်ပတ်သက်၍ တိုင်ကြားစာပေါင်း ၁၅၉၉ မှုအနက် ၁၂၀၆စောင်ကို စဉ်းစားစိစစ်ပြီး လိုအပ်သော အရေးယူဆောင်ရွက်မှုများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ထံသို့ ဆက်လက်ပေးပို့ခဲ့ကြောင်း ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာပြန်ဆိုထားသည့် ကမ္ဘာ့လူ့အခွင့်အရေ ကြေညာစာတမ်းကို မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့် ၎င်းင်းတို့၏ မွေးရာပါအခွင့်အရေးများကို အပြည့်အ၀သိရှိစေရန်အတွက် ကျယ်ကျယ်ပြန့်ပြန် ဖြန့်ဝေသွားမည်ဖြစ်ကြောင်းလည်း ယင်းကြေညာချက်အရ သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီး၏ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှုကို ရရှိမည်ဟု ပြင်းပြစွာမျှော်လင့်ပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုမရှိပါက လူ့အခွင့်အရေးကို လေးစားလိုက်နာသည့်၊ ကာကွယ်ဖြည့်ဆည်းပေးသည့် မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်သည် ပေါ်ပေါက်လာနိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၁၀ ရက်တွင်ကျရောက်သော နိုင်ငံတကာလူ့အခွင့်အရေးနေ့အခမ်းအနားကို မြန်မာနိုင်ငံတွင် လူထုအခြေပြုအဖွဲ့အစည်းများမှ ပြုလုပ်ခဲ့ပြီး ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းကြေညာချက်၌ မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေများ နှင့်အသစ်ထွက်ပေါ်လာသည့် ဥပဒေများသည် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်များနှင့် မကိုက်ညီဘဲ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကို ဖိနှိပ်ရန်အသုံးချနေဆဲဖြစ်သည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။
မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ အပြည့်အ၀ပူးပေါင်းဆောင်ရွက်မှုကို ရရှိမည်ဟု ပြင်းပြစွာမျှော်လင့်ပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်မှုမရှိပါက လူ့အခွင့်အရေးကို လေးစားလိုက်နာသည့်၊ ကာကွယ်ဖြည့်ဆည်းပေးသည့် မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်သည် ပေါ်ပေါက်လာနိုင်မည်မဟုတ် . . .
ထို့အတူ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)၏ အစီရင်ခံစာ၌ လည်း ၂၀၁၃ ခုနှစ် ပထမခြောက်လပတ် အတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အဓမ္မလယ်ယာသိမ်းဆည်းမှုမှာ အများဆုံးဖြစ်ခဲ့ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှု နှင့်ပတ်သက်၍ တရားဝင်စစ်တမ်းကောက် ယူခွင့်မရှိခြင်းနှင့် စစ်တမ်းပြုစုသူများအပေါ် အာဏာပိုင်များမှ ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ချိုးဖောက်မှုများကို တိတိကျကျ ထုတ်ပြန်ရန်မဖြစ်နိုင်ကြောင်းလည်း အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Eleven Media Group
Post a Comment