မကြာခင်ရက်ပိုင်းအတွင်းမှာ ပဲ ၂၀၁၄ခုနှစ်ကို ရောက်ကြရ တော့မှာပါ။ ၂၀၁၄ ဟာ မြန်မာ ပြည်နိုင်ငံရေးရဲ့ဒီရေအမြင့်တက် ဆုံးနှစ်ဖြစ်လိမ့်မယ်လို့ ကျုပ်တော့ ယုံကြည်နေတယ်။ ရွေးကောက်ပွဲ က ၂၀၁၅မှာဆို တော့ ၂၀၁၄ဟာ ရွေးကောက်ပွဲအကြိုနှစ်ဖြစ်နေပြီ လေ။ ၂၀၁၄အဆန်းပိုင်မှာပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ခွင့် ရှိ/မရှိ ဆိုတာကို ဖွဲ့စည်းပုံက အတိအကျဖော်ပြရ တော့မှာလေ ။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခွင့်ရှိ/မရှိဆိုတာ ပြတ်သားစွာသိရဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့၅၉(စ) ပုဒ်မမျိုးတွေကို ပြင်ဆင်ပေးရ တော့မှာဖြစ်တယ်။
အကယ်၍များ ကံဆိုးစွာနဲ့ သမ္မတကြီးရယ်၊ တပ်/ချုပ်ကြီး ရယ်၊ ပြည်ထောင်စု လွှတ်တော် နာယကကြီးရယ် ၃ ဦး စလုံးက ဖွဲ့စည်းပုံမပြင်ဆင်ပေးနိုင်မယ့် လမ်းကိုရွေးခဲ့ကြရင် ၂၀၁၅ ရွေး ကောက်ပွဲဟာ ၂၀၁၀ရွေးကောက် ပွဲထက်တောင် ဂုဏ်သိက္ခာကျ ဆင်းသွားနိုင်စရာရှိလာတယ်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကျင်းပ တဲ့အခါ ချန်ပီယံအစဉ်အလာရှိ ခဲ့ကြတဲ့ဘရားဇီးတို့၊အာဂျင်တီးနား တို့ ဂျာမဏီတို့ဝင်မပြိုင်တဲ့ ကမ္ဘာ ဖလားဘောလုံးပွဲနဲ့သဏ္ဌာန်တူ သွားလိမ့်မယ်။
ဘာဖြစ်လို့ဒီစကားကို ကျုပ် က ပြောရလဲဆိုရင် ၂၀၁၄ အ ဆန်းပိုင်းမှာ ဒေါ်အောင်ဆန်းစု ကြည် သမ္မတအဖြစ်အရွေးချယ် ခံနိုင်ခွင့်ဆုံးရှုံးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မတွေ မပြင်ပေး ခဲ့ရင်။ ဒေါ်အောင်ဆန်းစုကြည်တို့ြီူ ပါတီကရွေးကောက်ပွဲကို သပိတ်မှောက်တာတို့၊အသိအမှတ် မပြုတာတို့ ကန့်ကွက်တာတို့ဝင် ရောက်ယှဉ်ပြိုင်ခြင်းကနေ နှုတ် ထွက်သွားတာတို့ ဖြစ်လာနိုင်စ ရာရှိနေတယ်လို့ ကျုပ်ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတအဖြစ်ရွေးချယ်ခံနိုင်ခွင့် လမ်းပိတ်သွားပြီ(ီနေိနညိ)ဆို တာနဲ့ နိုင်ငံရေး ထိပ်တိုက်တွေ့မှု တွေမြန်မာပြည် တစ်ဝန်းဖြစ်လာ နိုင်ပါတယ်။ ကျုပ် အထင်တော့ြီူ အနေနဲ့ရွေးကောက်ပွဲဝင် မယ့်အနေအထားကနေ နှုတ်ထွက် သွားလိမ့်မယ်လို့တောင် ယူဆ ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်မပါဝင် ဘဲြီူ က ရွေးကောက်ပွဲဝင်ရင်ြီူ အတွက်ဘာမှအဓိပ္ပာယ်မရှိ နိုင်တော့တဲ့ အနေအထားရောက် သွားနိုင်လို့ပါပဲ။ သမ္မတအဖြစ် ရွေးချယ်ခံနိုင်ခွင့် ဆုံးရှုံးခဲ့ရင် ဘာ ဖြစ်လို့ြီူ က ရွေးကောက်ပွဲကို ကျောခိုင်းနိုင်သလဲဆိုတော့ ...
(၁)ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတြီူ ဟာ ၁၉၉၀တုန်းက တစ်ပြည်လုံးအပြတ်အသတ်အ နိုင်ရခဲ့ပြီးသားဖြစ်တယ်။ ထီပေါက် ထားတဲ့ထီလက်မှတ်အဟောင်း လက်ထဲမှာရှိနေတုန်းပါပဲ။ ထီ ပေါက်ပြီး သိန်းဆုသန်းဆုထုတ် ခွင့်မရခဲ့တဲ့ပါတီအဖြစ်ရင်ဆိုင်ခဲ့ ရဖူးပါတယ်။
(၂)ရွေးကောက်ပွဲအနိုင်ရပါ လျက်နဲ့ အာဏာလည်းမရ လွှတ် တော်ခေါ်ခွင့်လည်းမရခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရောြီူ ခေါင်းဆောင်အများစုရော ကျုပ်တို့ကျောင်းသားတွေပါ အ ဆစ် ထောင်တွေထဲမှာ အနှစ် ၂၀ ၀န်းကျင်နေလိုက်ကြရသေးတယ်။ ထီပေါက်လို့ ငွေထုတ်ခွင့်မရတဲ့ အပြင်ကျောပြင်ကိုဗျောပါ အတင် ခံခဲ့ကြရတာ။ ဒေါ်အောင်ဆန်းစု ကြည်ဟာ အာဏာမရဘဲ သံတိုင် ပဲရခဲ့တာ။
၁၉၉၀ မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့သူပါတီအနိုင်ရခဲ့တဲ့ ရွေး ကောက်ပွဲအနိုင်ရလက်မှတ်က ဘာနဲ့သွားတူနေသလဲဆိုတော့ ဂျပန်ခေတ်က ဂျပန်ထန်းတက် လက်မှတ်ရထားတဲ့ငဘနဲ့ သွားတူ နေတယ်။ငဘဆိုတဲ့ထန်းတက် သမားနဲ့ ဂျပန်တပ်ခွဲတစ်ခွဲ ထန်း တောထဲမှာတိုးတော့ ထန်းပင်ပေါ် တက်ခိုင်းတယ်။ ငဘကလည်း ထန်းတက်သမားဆိုတော့ ကျွမ်း ကျွမ်းကျင်ကျင်နဲ့ ထန်းပင်ပေါ်စွေ့ ကနဲ တက်သွားပြီး ထန်းရည်ရော ထန်းသီးရော ဂျပန်မာစတာတွေ ကို ချိုင်ပေးတယ်ပေါ့ဗျ။ ဒါနဲ့ဂျပန် စစ်သားတွေလည်း သိပ်သဘော ကျသွားပြီး ဂျပန်စာသားနဲ့ရေးထား တဲ့ စာတစ်စောင်ငဘကိုရေးပေးခဲ့ တယ်။ မင်းနောက်ထပ်ဂျပန် စစ်တပ်နဲ့တွေ့ရင် ဒီစာလေးပြ လိုက်လို့ ငဘကိုမှာခဲ့တယ်။ ငဘ ကလည်း ဂျပန် စာမတတ်တော့ တရိုတသေသိမ်းထားလိုက်တယ်။ တစ်နေ့ ဂျပန်စစ်တပ်တစ်တပ်နဲ့ ငဘတွေ့တော့ ဂျပန်မာစတာကို အပြေးအလွှားပဲ သူ့လက်ထဲက စာရွက်သွားပြတယ်။ ဒါနဲ့ ဂျပန် မာစတာက ချက်ချင်း ထန်းပင် ပေါ် တက်ခိုင်းတယ်။အဲ့ဒီနေ့က ထန်းရည် ကောင်းကောင်းမရတာ နဲ့ငဘကို ပါးပါရိုက်သွားသေး တယ်။
ကျုပ်တို့ ၁၉၉၀ရွေး ကောက်ပွဲရလဒ်ကလည်း အဲဒီအ တိုင်းဖြစ်ခဲ့တာ။ ရွေးကောက်ပွဲ လည်း နိုင်တယ်။ အာဏာလည်း မရ၊ လွှတ်တော်လည်းခေါ်ခွင်းမရ တဲ့ အပြင်ထောင်ထဲကိုပါ အနှစ် နှစ်ဆယ်လောက် အားလုံးထည့် ထားခံလိုက်ကြရတာ။
(၂၀၁၂) ခုနှစ်ရောက်တော့ အဲဒီ ၁၉၉၀ရွေးကောက်ပွဲ ရလဒ် ကြီး၊ လက်မှတ်ကြီးကို ဒေါ် အောင်ဆန်းစုကြည်က အလျှော့ ပေးလိုက်လျောပြီး လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရနဲ့မြန်မာ့တပ် မတော်ခေါင်းဆောင်တွေရယ်၊ လွှတ်တော်ဥက္ကဋ္ဌတွေရယ်နဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေးအတွက် ရှေ့ရှုပြီး ပြည်ခိုင်ဖြိုးပါတီကြီးစိုး ထားတဲ့လွှတ်တော်၊ တပ်မတော် သား ၂၅ရာခိုင်နှုန်းရှိနေတဲ့ လွှတ် တော်ထဲကို သွားပေါင်းခဲ့ရတာ။
၂၀၁၂ရွေးကောက်ပွဲဝင်ရင် ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ပြီးသား အဓိပ္ပာယ်သက် ရောက်တော့မှာဖြစ်လို့ြီူ ထဲက သဘောထားပြင်းထန်တဲ့ အုပ်စု တွေကြီူ ရုံးချုပ်ရှေ့မှာ အကြီး အကျယ်ကန့်ကွက်ခဲ့ကြတာ ကျုပ် မှတ်မိနေတယ်။
ဒါပေမဲ့ နောက်ဆုံးဒေါ် အောင်ဆန်းစုကြည်က မြန်မာ ပြည်သူသန်းခြောက်ဆယ်ရဲ့ဘ၀ ငြိမ်းချမ်းသာယာရေးအတွက် ဘီလူးမသားလုခန်းလို အလျှော့ ပေးခဲ့ပါတယ်။ ဘုရားအလောင်း မဟော်သဓာရှေ့မှောက်မှာ သား ခိုးတဲ့ဘီလူးမနဲ့မိခင်အရင်းသား ပြိုင်လုခိုင်းတဲ့အခါ ဘီလူးမက သားကို အတင်းဆွဲတော့ သားသေ မှာစိုးလို့ မိခင်အရင်းက အလျှော့ ပေးခဲ့ရတာတွေ ကျုပ်တို့ ဗုဒ္ဓ၀င် မှာ အခိုင်အမာရှိနေတာပဲ။
ဒေါ်စုက အလျှော့ပေးခဲ့ရ တာချည်းပဲ။ တစ်လျှော့တည်း လျှော့ပေးခဲ့ရတာချည်းပဲ။ ၁၉၈၈ ဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေး လောကထဲ စတင်ဝင်လာတော့ ၄၄ နှစ်ပဲရှိသေးတယ်။ သူ့ခင်ပွန်း နဲ့သားနှစ်ယောက်ကို စွန့်ပြီး နိုင်ငံ ရေးလုပ်ခဲ့လာလိုက်တော့ အခုဆို ၆၉ နှစ် အရွယ်၇၀ ၀န်းကျင် အမေစုကနေ အဖွားစုတောင်ဖြစ် နေပြီ။ ဒေါ်စုအစားအသောက် အနေအထိုင် ဂရုစိုက်လို့သာ အခု လိုသန်သန် မြန်မြန်သွားနိုင်နေ တာ။ သူနဲ့သက် တူရွယ်တူမြန်မာ အမျိုးသမီးအများစုက ဒေါ်စု လောက် မကျန်းမာကြတော့ဘူး။ နောက်တပ်မတော်အပေါ်နဲ့ တိုင်း ပြည်ငြိမ်းချမ်းရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်စေတနာ ဘယ်လောက်ရှိခဲ့သလဲဆိုတာ အဖြစ်အပျက်ကလေးတစ်ခု ကျုပ်ပြောပြချင်သေးတယ်။
လက်နက်အကူအညီအတွက် အမေရိကန်ဒေါ်လာ (၁)ဘီလီယံ စတင်ပေးမယ့် လွတ်မြောက်နယ် မြေကိစ္စ
၁၉၉၀ရွေးကောက်ပွဲရလဒ် ငြင်းပယ်ခံရပြီး တစ်ကမ္ဘာလုံးက န၀တအစိုးရကို ဒေါသထွက် နေကြတဲ့အချိန်ပေါ့ဗျာ။ မြန်မာ ပြည်က လက်နက်ကိုင်အင်အားစု တစ်ချို့တွေဆီကို နိုင်ငံခြားအကူ အညီတွေပေးတော့မယ့်ကာလဆီ ကပေါ့ဗျာ။ တနင်္သာရီဒေသကို အဓိကအခြေစိုက်တဲ့ လက်နက် ကိုင်တပ်ဖွဲ့တစ်ခုကို အနောက် အုပ်စုကုမ္ပဏီကြီးတစ်ချို့က လက်နက်ဝယ်ယူထောက်ပံ့ပေးပြီး န၀တ အစိုးရကို ပြန်တိုက်နိုင်ဖို့ှဒေါ်လာ တစ်ဘီလီယံ စတင် ထောက်ပံ့ပို့ အစီအစဉ်တစ်ခုပေါ် လာတယ်။ အဲဒီလက်နက်ကိုင် တပ်ဖွဲကလည်း တစ်ဘီလီယံရရင် တနင်္သာရီတိုင်း တစ်ခုလုံးသိမ်းပိုက် မယ်။ မြိတ်၊ ထားဝယ်၊ ကော့ သောင်း သိမ်းနိုင်မယ်ပေါ့ဗျာ။ ပြီးရင် မြန်မာပြည်တောင်ပိုင်းကို လွတ်မြောက်နယ်မြေ ကြေညာပြီး တောင်ပိုင်းမြန်မာအစိုးရကြေညာ မယ့် အစီအစဉ်တစ်ခုဖြစ်လာခဲ့ တယ်။ အဲဒီ အနောက်အုပ်စု ကုမ္ပဏီကြီးက နောက်ဆုံးပေး ကာနီးကျမှသူတို့ဒေါ်အောင်ဆန်း စု ကြည်ရဲ့သဘောထားအတည်ပြု ချက်ရရင်တစ်ဘီလီယံစတင်ထုတ် ပေးတော့မယ်ဆိုပြီး ရန်ကုန်မှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီ ဏမသနြခအ အပေါ်သဘောထား ကို အတည်ပြုချက် သွားယူတယ်။ ဒေါ်အောင်ဆန်းစုကြည်က အသေအချာ နားထောင်ပြီး တော့ စဉ်းစားပြီး ခပ်မှန်မှန်နဲ့ပြန်အဖြေ ပေးခဲ့တယ်။
“သြယှုအ ငျ လနမပီညေါနမသကျ” တဲ့။ အဲဒီလက်နက်အတွက် တစ် ဘီလီယံထောက်ပံ့ပြီး လွတ် မြောက်နယ်မြေနဲ့ တောင်ပိုင်း အစိုးရကြေညာမယ့်အစီအစဉ်ကို သဘောမတူပါဘူးတဲ့။ အလွန်ပဲ မြန်မာပြည်အတွက် အန္တရာယ်များ လွန်းတဲ့ အစီအစဉ်ဖြစ်ပါတယ်” ဆိုတဲ့အဖြေကို ဒေါ်အောင်ဆန်း စုကြည်ကပေးခဲ့တယ်။ အဲ့ဒီမှာ အဲ့ဒီအစီအစဉ်ပျက်သွားတယ်။
ဒီအချက်က ဘာကိုပြသလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုသောခေါင်းဆောင်တစ်ယောက် ဟာ အာဏာကို ဘယ်လမ်းကရရ ရရင်ပြီးရောဆိုပြီး လိုက်လုပ်နေ တဲ့အာဏာရူးခေါင်းဆောင်တစ် ယောက်မဟုတ်ဘူးဆိုတာကိုအထင် အရှားပြနေတယ်။
အကယ်၍ ဒေါ်အောင်ဆန်း စုကြည်ကသာ အဲဒီအစီအစဉ် မျိုးတွေကို သဘောတူခေါင်းညိတ် ခဲ့ရင် လက်ရှိမြန်မာပြည်ရဲ့ပြည် တွင်းစစ်မီးဟာ ဒီထက် ၁၀ ဆပို မိုတောက်လောင်နိုင်စရာရှိတယ်။ အနည်းဆုံး ဘီလီယံနဲ့ချီတဲ့ငွေ တွေရဲ့လက်နက်တွေ လက်နက် ကိုင်တပ်ဖွဲ့တွေလက်ထဲ ပုံအောပြီး ရောက်သွားစရာရှိတာ အသေအ ချာပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျုပ်မကြာခဏစကားပြောခဲ့ရ ဖူးတယ်။ သူ့ပြောခဲ့တဲ့စကားတွေ ထဲမှာ လက်နက်ကိုင်တော်လှန် ရေးလမ်းစဉ်နဲ့ဒီမိုကရေစီနိုင်ငံတော် ကို ဘယ်လိုမှမရောက်နိုင်တဲ့အ ကြောင်း။ အာဏာရှင်ဟောင်းရဲ့ နေရာမှာ စစ်နိုင်လို့ တက်လာတဲ့ ခေါင်းဆောင်ကပဲ။ အာဏာရှင် အသစ်ပြန်ဖြစ်သွားမှာပဲဆိုပြီး သူ့ရဲ့အယူအဆကို ရှင်းလင်းပြော ကြားခဲ့ဖူးတယ်။ ၁၉၉၀ ရွေး ကောက်ပွဲရလဒ်ငြင်းပယ်ခံလိုက် ရတဲ့နောက်ပိုင်းပြည်တွင်းကြီူ အချို့က ထိုင်းမြန်မာနယ်စပ်ဒေသ မှာြီူ လွတ်မြောက်နယ်မြေထူ ထောင်တယ်။ အဲဒီြီူ ရဲ့ လွတ်မြောက်နယ်မြေရဲ့လက် အောက်မှာ တပ်မတော်ဖွဲ့ချင်တဲ့ အယူအဆဖြစ်လာပြီး လက်နက် ကိုင်တပ်ဖွဲ့ချင်တဲ့အုပ်စုတစ်ချို့ ပေါ်ပေါက်လာခဲ့တယ်။ သူတို့ကို အကူအညီပေးပေမဲ့ နိုင်ငံခြား အဖွဲ့တွေလည်းရှိခဲ့တယ်။ ဒါ ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်က ပြတ်သားတယ်။ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့တာ ကိုမှ လုံးဝလက်မခံပါဘူးတဲ့။ လုံးဝ သဘောမတူခဲ့ပါဘူး။ ဒေါ်စုက ငြိမ်းချမ်းစွာ ရုန်းကန်တိုက်ပွဲဝင် ရေးသာ ဖြစ်တယ်။ မဟတ္တမဂန္ဒီ ကြီးရဲ့လမ်းစဉ်သာဖြစ်တယ်။ ဒေါ်စုရဲ့စကားဟာ တိုင်းရင်း သားလက်နက်ကိုင်တပ်မတော် တွေရဲ့ယုံကြည်ချက်နဲ့ လမ်း ကြောင်းကို ငြင်းပယ်တာ၊ ပစ်ပယ် တာ၊ သေးသိမ်အောင်လုပ်တာ မဟုတ်ဘူးလို့ ကျုပ်ယူဆတယ်။ဖြစ်ပြီးသားပြည်တွင်းစစ်မီး ပိုမို မကျယ်ပြန့်လာအောင်တားဆီး ခြင်းသာဖြစ်တယ်။
လက်နက်တွေကို ပြည်သူ တွေထံတပ်ဆင်ပေးလိုက်ရင် ဘယ်တော့မှ ဒီပြည်တွင်းစစ်မီး ဟာ ဘယ်တော့မှ ငြိမ်းတော့မှာ မဟုတ်ဘူး။ လက်နက်ဆိုတာရှိပြီ ဆိုတာနဲ့စစ်ဆိုတာ ဖြစ်ပြီးသားပဲ။ ကိုယ့်လက်ထဲက လက်နက်ကို ဘယ်အဖွဲ့ကမှ မစွန့်လွှတ်ချင်ဘူး လေ။ ဒါသဘာဝပဲ။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေး မရနိုင် ဘူးဖြစ်နေတာပေါ့။ ၁၉၄၅ အင်္ဂလိပ်စစ်တပ်တွေ မြန်မာ ပြည်ကို ပြန်သိမ်းပြီးတဲ့အချိန်မှာ အင်္ဂလိပ်စစ်တပ်နဲ့ ဗိုလ်ချုပ် အောင်ဆန်းအစိုးရပူးပေါင်းပြီး စစ်အတွင်းလက်နက်တွေကို မနည်းပြန်သိမ်းခဲ့ကြရတာ။ ခြောက်လုံးပြူးတစ်လက်အပ်ရင် လေထီးပိတ်စတစ်အုပ်၊ အင်္ဂလိပ် ငွေဘယ်လောက်၊ ရိုင်ဖယ်တစ် လက်အပ်ရင်ဆုငွေကဘယ်လောက် ပေးမယ်ဆိုပြီး သိမ်းခဲ့ကြရတာ။ ဒါတောင်ကျန်တဲ့ လက်နက်တွေ ကို မြန်မာတော်လှန်ရေး ပြောက် ကျားတပ်ဖွဲ့တစ်ချို့က မြေမြုပ်ပြီး ဖွက်ထားခဲ့ကြတယ်။ အဲဒီ စစ်ကျန် လက်နက်တွေနဲ့ပဲ မြန်မာပြည် ပြည်တွင်း စစ်ပွဲစတင်ခဲ့ရတာပဲ။ စစ်ကျန်လက်နက်တွေကို အင်္ဂလိပ် ပြန်ဝင်လာစဉ်က ရာခိုင်နှုန်းအ ပြည့် ပြန်သိမ်းနိုင်ခဲ့ရင် (၁၉၄၈) နောက်ပိုင်း လွတ်လပ်ရေးခေတ် မှာ အာဏာရ ဖဆပလ အစိုးရ နဲ့ အတိုက်အခံကွန်မြူနစ်ပါတီ တွေရဲ့ ပဋိပက္ခမှာ ဓားခုတ်ပွဲ၊ တုတ်ရိုက်ပွဲထက်ပိုခဲ့မှာမဟုတ်ဘူး။ အဲ့ဒီအချိန်က ကွန်မြူနစ်ပါတီတွေ နဲ့ တိုင်းရင်းသား အင်အားစုတွေ ဆီမှာ စစ်အတွင်းကျန်ခဲ့တဲ့ ၀ှက် ထားတဲ့လက်နက်တွေက ရှိနေခဲ့ တာကြောင့် မီးပွားတစ်စ ကျလိုက် တာနဲ့ ပြည်တွင်းစစ်မီးထတောက် ခဲ့ရတာပဲ။
ဒါကြောင့် ဒီကနေ့တိုင်းပြည် အုပ်ချုပ်နေတဲ့သမ္မတကြီးဦးသိန်း စိန်အစိုးရ၊ မြန်မာ့တပ်မတော် တပ်/ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တပ်မတော် ခေါင်းဆောင်များနှင့် လွှတ်တော် ဥက္ကဋ္ဌကြီးများကို ကျုပ်တင်ပြ ချင်တာကဒေါ်အောင်ဆန်းစုကြည် သည် တပ်မတော်ရဲ့ရန်သူ၊ တိုင်း ပြည်ရဲ့ရန်သူမဟုတ်ဘဲ တပ်မ တော်ရဲ့ မိတ်ဆွေအစစ်အမှန်သာ ဖြစ်တယ်ဆိုတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တော့မှ မြန်မာ့တပ်မတော်ရဲ့ စစ်သေနာပတိချုပ်လုပ်မယ့်သူ မဟုတ်သလို့ တပ်မတော်ပြိုကွဲ အောင်ကြံစည်မယ့်သူလည်း မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ အနှစ်၂၀ ၀န်းကျင် ခန့်က ကျုပ်မြန်မာပြည်ထဲမှာ နေ လို့ မဖြစ်နိုင်တော့လို့ ဒေါ်အောင် ဆန်းစုကြည်ဆီကို နောက်ဆုံးသွား တွေ့ပြီးတိုင်ပင်ခဲ့တယ်။ အဲဒီတုန်း က ဒေါ်အောင်ဆန်းစုကြည်က ပြည်ပကို ကျုပ်ကို မထွက်ခွာသွား စေချင်ဘူးတဲ့။ ပြည်ပမှာ မြန်မာ ပြည်အတွက် ဘာတစ်ခုမှ ထိထိ ရောက် ရောက်လုပ်နိုင်မှာမဟုတ် ဘူးတဲ့။ ပြည်တွင်းတစ်နေရာ လုံခြုံ တဲ့ တစ်နေရာမှာသာ ခေတ္တပုန်း အောင်နေစေချင်တဲ့အကြောင်း အကြံပေးတယ်။
သူ့ဖခင် ဗိုလ်ချုပ်အောင် ဆန်းတို့ ပြည်ပထွက်ပြီး ပြည်ပအ ကူအညီနဲ့ ဂျပန်စစ်တပ်တွေ မြန် မာပြည်ထဲ ခေါ်လာခဲ့တဲ့ အချိန် ကာလနဲ့ယနေ့အချိန်ကာလလုံးဝ မတူတဲ့အကြောင်း အဲဒီတုန်းက ဗိုလ်ချုပ်တို့ပြည်ပအကူအညီယူခဲ့ ရတယ်ဆိုတာ ဒုတိယကမ္ဘာစစ် ကြီးဆိုတဲ့ သမိုင်းရဲ့ထူးခြားတဲ့အ နေအထားနဲ့ တိုက်ဆိုင်နေခဲ့တဲ့ အခြေအနေရှိခဲ့ကြောင်း ကျုပ် ကို ရှင်းပြတယ်။ ပြည်ပကနေ့ ကျုပ် ဘာမှထိထိရောက်ရောက် လုပ်နိုင် မှာမဟုတ်ဘူးလို့ သေသေချာချာ ကို မှာလိုက်တယ်။
နှစ်ပေါင်း၂၅နှစ်ကြာပြီး ပြန်လှည့်ကြည့်လိုက်တော့ ဒေါ် အောင်ဆန်းစုကြည်ရဲ့စကားမှန် နေတာ သွားတွေ့ရတယ်။ ပြည်ပ ကနေ နည်းလမ်းမျိုးစုံ လှုပ်ရှား ခဲ့ကြရတဲ့ နိုင်ငံရေးအင်အားစု၊ တော်လှန်ရေးအင်အားစုအတော် များများဒီက နေ့ပြည်တွင်းကို ပြန်ဝင်ပြီး မဟာဗျူဟာပြောင်းပြီး လှုပ်ရှားနေကြရတယ် မဟုတ် လား။
ဒါကြောင့် ဒေါ်အောင်ဆန်း စုကြည် ရုန်းကန်ခဲ့ရတဲ့လမ်း ကြောင်းကြီးတစ်ခုလုံးကို ပြန် ကြည့်ရင် သူပထမဆုံးဗိုလ်ချုပ် ကြီးဦးနေ၀င်းနဲ့ရင်ဆိုင်ခဲ့ရတယ်။ နောက် ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေတို့ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး တို့၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့။ နောက်ပြီးတော့သမ္မတဦးသိန်းစိန် နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ တပ်/ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမှူးပြုတဲ့ မြန်မာ့ တပ်မတော်ခေါင်းဆောင်သစ် တွေနဲ့ ရင်ဆိုင်နေရပြန်ပြီ။
ကျုပ် သမ္မတကြီးနဲ့တပ်/ချုပ် ကြီးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို တောင်းဆိုချင်တာက ဒေါ်အောင်ဆန်းစုကြည် တောင်း ဆိုထားတဲ့ တွေ့ဆုံရေးကို ခွင့်ပြု စေချင်ပါတယ်။ တွေ့တာနဲ့ မတွေ့ တာနဲ့ဆိုတွေ့လိုက်တာက ပို ကောင်းပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ဘာပြောမလဲဆိုတာနား ထောင်ကြည့်ဖို့ကောင်းပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာပြည်က အာဏာပိုင်တွေရဲ့ ရှေ့မှောက်မှာ သာလူထုအတွက်အလျှော့ပေး ဆက်ဆံနေရတဲ့သူတစ် ယောက် ဖြစ်နေပေမဲ့ မြန်မာပြည်အပြင် ဘက်ကမ္ဘာကြီးတစ်ခုလုံးမှာ ကမ္ဘာ့ သူရဲကောင်းဖြစ်နေခဲ့တာကြာ ပါပြီ။ ဒေါ်အောင်ဆန်းစု ကြည်က မြန်မာနိုင်ငံအတွက် သမ္မတ ဖြစ်ရေးကို အလွန်အမင်းကြိုးပမ်း နေရပေမဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ချုပ်ရဲ့အထွေထွေအတွင်းရေး မှူးချုပ်လုပ်မယ်ဆိုရင် ပြိုင်ဘက် မရှိအနိုင်ရနေပြီးသား ကမ္ဘာ့ကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်နေတယ်ဆိုတဲ့ အချက်ကို ထည့်တွက်စေချင်ပါ တယ်။
ဒေါ်စုရဲ့ဆန္ဒကလည်း ကမ္ဘာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာ ထူးထက်က သူ့ကိုယ်ပိုင်ပြည်သူ တိုင်းရင်းသားတွေ လိုအပ်နေတဲ့ ပြဿနာတွေကို အဓိကဖြေရှင်း ပေးနိုင်မယ့် မြန်မာပြည်ရဲ့သမ္မတ တာဝန်ကို သက်တမ်းတစ်ခု လောက် ထမ်းဆောင်ချင်နေတာ ပဲဆိုတာတွေ့ရတယ်။
ကျုပ်ယုံကြည်တာတော့ ဒေါ်စုဟာ သမ္မတအရွေးခံရရင် လည်း နယ်လ်ဆင်မင်ဒဲလားလို ပဲ သမ္မတသက်တမ်းတစ်ခုပဲ လုပ် သွားချင်တဲ့ဆန္ဒကို မြင်နေရတယ်။ ဒေါ်စုသည် အာဏာရချင်လို့လုပ် နေတယ်လို့ ကျုပ်မထင်ဘူး။ သူ့ရဲ့ စွမ်းဆောင်ရည် (ဃစေခေငအပ)ကို ၄-၅ နှစ်တာ အသုံးပြုပြီး မြန်မာ ပြည်အတွက် လုပ်ပေးနိုင်တာတွေ အကောင်းဆုံး လုပ်ပေးခဲ့ချင်တာပဲ ဖြစ်မယ်လို့ သုံးသပ်မိတယ်။
ဒေါ်စုကို သမ္မတဖြစ်နိုင်ဖို့ အခြေအနေ အခွင့်အလမ်းကို တံခါးဖွင့်ပေးနိုင်တဲ့နေရာက လည်းပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ သမ္မတကြီးနဲ့ တပ်/ချုပ်ကြီးဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်နေ တဲ့မြန်မာ့တပ်မတော်ရဲ့ လက်ထဲ မှာပဲ ဒီ ခလုတ်ကရှိနေတယ်။
ဒါကြောင့် အရှေ့တောင် အာရှရဲ့ကျားတစ်ကောင်လို့ ထင် ကြေးပေးနေတဲ့မြန်မာပြည်သစ်မှာ ငြိမ်းချမ်းသာယာပြီး ကမ္ဘာ့အခွင့် အလမ်းရင်းနှီးမြုပ်နှံမှုတွေ ဒလ ဟောလှိမ့်ဝင်လာပြီး ပြည်သူပြည် သားတွေ အလုပ်အကိုင်တွေရကြ၊ နည်းပညာတွေရကြတဲ့ ရွှေပြည် သာ မြန်မာပြည်ကြီးဖြစ်ဖို့ဆိုရင် သမ္မတကြီးရယ်၊ တပ်/ချုပ်ကြီးနဲ့ မြန်မာတပ်မတော်ရယ်၊ လွှတ် တော်ဥက္ကဌရယ်၊ ဒေါ်အောင်ဆန်း စုကြည်အတွက် ၂၀၁၅ သမ္မတ အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရွှေ တံခါးကြီးကို ဖွင့်ပေးပါလို့ တိုင်း ပြည်အကျိုးမျှော်ကိုး၍ လေးစား စွာတင်ပြလိုက်ရပါတယ်။
စစ်သူရဲဗလမင်းထင်
အေးချမ်းမွန် Credit To >သူရိယနေဝန်း < Thankhttps://www.facebook.com/excellencemedia

Post a Comment