(ရန်ကုန်၊ မေ ၆)
ဥာဏ်ရည် မမီသည့် ၁ဝ နှစ်အရွယ် မိန်းကလေး အား တစ်ခြံထဲနေ အစ်ကိုနှစ် ဝမ်းကွဲတော်သူ ဆယ်တန်းကျောင်းသား က အဓမ္မ ပြုကျင့်မှု တစ်ခု မင်္ဂလာဒုံတွင် ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာဒုံ ရဲစခန်းမှ သိရသည်။
သမီးဖြစ်သူအား မိခင်ဖြစ်သူမှ တစ်ခြံထဲရှိ မောင်....၏ ဆိုင်တွင် အအေး ဝယ်ခိုင်းရာ ပြန်မလာသဖြင့် မိခင်ဖြစ်သူ သွားရောက် ကြည့်ရှုရာ သမီးဖြစ်သူ ၏ဖိနပ်အား အိမ်အပေါ် တက်သည့် လှေကားအောက်တွင် တွေ့ ရသည်။ ထို့ကြောင့် သွားရောက် ကြည့်ရှု ရာ သမီးဖြစ်သူအား တူဝမ်းကွဲတော်စပ် သူမောင် ....က အဓမ္မမပြုကျင့်နေ သည်ကိုတွေ့ခဲ့ကြောင်း ကလေး၏ မိခင် ဖြစ်သူထံမှ သိရသည်။
''အစ်မက ကလေးဖိနပ်တွေ့လို့ အငယ်မရေဆိုပြီး အိမ်ပေါ်တက်ကြည့်တာ။ သူ့ကို ရဲလက် အပ်မယ်လို့ပြောပြီး အစ်မက ပြန်ခေါ် လာတာပါ''ဟု ကလေး မိခင်ဖြစ်သူက ပြောသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ အထက်တန်းရှေ့နေ ဒေါ်ဝင်းမာလာ က ''ဥပဒေက ဥပဒေ အတိုင်းပဲကောင်း ပါတယ်။ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုရင်ပေါ့''ဟု ပြောသည်။
အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံရဲ စခန်းမှ မောင် .... အား ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် အရေးယူထား ပြီး လက်ရှိတွင် ကလေးသူငယ် ဥပဒေ အရ မိဘ လက်အပ်ထားကြောင်း အမှု စစ်ဦးခင်သိန်းထံမှ သိရသည်။
''ကလေးကငယ်သေးတော့ ကလေး သူငယ် ဥပဒေအရ မိဘလက်ထဲ အပ် ထားပါတယ်''ဟု အမှုစစ်ဦးခင်သိန်းထံ က ပြောသည်။
လက်ရှိတွင် အမှုကို ဓာတု ဗေဒဌာနသို့ တင်ထားပြီး ပြန် ကြားစာ ရလျှင် တရားရုံးသို့ ဆက် လက်တိုင်ကြား သွားမည်ဖြစ်ကြောင်း အမှုစစ်ဦးခင်သိန်း ထံမှ သိရသည်။
ဇေဝေယံ
Aye Chan Mon# Credit To : Popular Myanmar News Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment