မိချောင်းကန် သပိတ်စခန်းမှ တာဝန်ရှိသူများနှင့် သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်တို့ ဒီဇင်ဘာ ၈ ရက်နေ့လည် ၁၂ နာရီ အချိန်တွင် တွေ့ဆုံခဲ့ပြီး သပိတ်စခန်း ရုတ်သိမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်
မိကျောင်းကန်သပိတ်စခန်းမှာ တာဝန်ရှိသူများက တောင်းဆိုချက် (၇) ချက်ကို တောင်းဆိုခဲ့ပြီး ဦးသိန်းညွန့် ကသပိတ်မှောက်ဆန္ဒပြသူများအား ပုဒ်မ ၁၈ ဖြင့်အရေးမယူ
ရေး၊ တရားစွဲဆိုထားသော အမှုများကိုပြန်လည်ရုတ်သိမ်းးပေးရေး၊ အသိမ်း ခံရသောမြေများအတွက် လျော်ကြေးငွေပြန်လည်ရရှိအောင်ဆောင်ရွက်ပေး
ရေး တို့ကို သက်ဆိုင်ရာရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။ ဆန္ဒပြသူများအနေနှင့်လည်း ဆီးဂိမ်း ပွဲရှိနေ၍ သပိတ်စခန်းကိုပြန်လည်ရုတ်သိမ်း
ပေးဖို့ကိုလည်း ဦးသိန်းညွန့်က ညှိနှိုင်းခဲ့ပါတယ် ၊ ညှိနှိုင်းခဲ့သည်များကို မိကျောင်းကန်သပိတ်စခန်းမှ ယနေ့ ညနေ (၄) မှာအကြောင်းပြန်မှာဖြစ်ကြောင်းသိရပါတယ်
သတင်း-ဓာတ်ပုံ ယမင်းဦး
အေးချမ်းမွန် Credit To >DVB TV News < Thankhttps://www.facebook.com/excellencemedia

Post a Comment