0


ရန်ကုန်၊ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ၄.၁၂.၂၀၁၃ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်မှတ်တိုင်၌ ဖမ်းဆီးရမိသော ခါးပိုက်နှိုက်
ပြစ်ချက်ဟောင်းရှိသူ ထွန်းထွန်း(ခ)ရွှေအ(ဘ)ဦးမောင်လွင်၊ မြိုင်သာယာရွာ၊ မှော်ဘီမြို့နယ်နေသူနှင့် သန်းထွေး(ခ)ကုလား
(ဘ)ဦးတင်ညွန့် ဘောလယ်ကျေးရွာ၊ထန်းတပင်မြို့နယ်နေသူတို့ (၂)ဦးအားရွှေပြည်သာမြို့မရဲစခန်း(ပ)၈၈၉/၂၀၁၃၊ပုဒ်မ၃၇၉(နှိုက်)/၅၄ဖြင့်
အမှုဖွင့်အရေးယူထားရှိပြီး ၎င်းတို့ (၂)ဦးအားဆက်လက်စစ်ဆေးရာ ၎င်းတို့ (၂)ဦးသည် ၄.၁၂.၂၀၁၃ရက်နေ့ ၀၈၄၅အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊
အောက်မင်္ဂလာဒုံလမ်း၊ ဒညင်းကုန်းလမ်းဆုံမှတ်တိုင်အရောက် စီးနင်းလာသော ယာဉ်လိုင်းအမှတ်(၈၁) ဒိုင်နာယာဉ်ပေါ်ပါ
အသက် (၄၀)နှစ်ခန့်ရှိ အမျိုးသမီး (၁)ဦး၏ စလင်းဘတ်အိတ်အား သန်းထွေး(ခ)ကုလားမှ လူကာပေးစဉ် ထွန်းထွန်း(ခ)ရွှေအမှ နှိုက်ယူခဲ့ရာ အနီရောင်ကော်ဗူးအ၀ိုင်း (၁)ဗူးအား နှိုက်ယူရရှိခဲ့ပြီး ၎င်းဗူးအတွင်းမှ
ရွှေဆွဲကြိုး (၁)ကုံး၊ ရွှေလက်ကောက် (၂)ကွင်း၊ ရွှေလက်စွပ် (၁)ကွင်း စုစုပေါင်းအလေးချိန် (၂)ကျပ်သားကျော်ခန့်အား နှိုက်ယူရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြန်လည်သိမ်းဆည်းကာ အင်းစိန်မြို့မ
ရဲစခန်း(ပ)၁၃၇၆/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် ထပ်မံအရေးယူဆောင်ရွက်ကာ ပစ္စည်းပိုင်ရှင်အား စုံစမ်းလျက်ရှိကြောင်းသတင်းရရှိပါသည်။

အေးချမ်းမွန် Credit To >Yangon Police < Thankhttps://www.facebook.com/excellencemedia
3

Post a Comment

 
Top