အေးချမ်းမွန် Credit To >DVB TV News< Thankhttps://www.facebook.com/
မိခင်နိုင်ငံကို ပြန်လာဖို့ ပျက်ကွက်ရင် ပညာသင် အာမခံ လျော်ကြေးငွေ ကျပ် ၅ သန်း ပေးဆောင်ပါမယ်လို့ သက်ဆိုင်ရာ ပညာသင်က ကတိခံဝန်ချက် စာချုပ်ချုပ်ဆိုရတာကို ပယ်ဖျက်လိုက်
နိုင်ငံ့ဝန်ထမ်းတွေ ပြည်ပထွက် ပညာသင်ကြားပြီး မိခင်နိုင်ငံကို ပြန်လာဖို့ ပျက်ကွက်ရင် ပညာသင် အာမခံ လျော်ကြေးငွေ ကျပ် ၅ သန်း ပေးဆောင်ပါမယ်လို့ သက်ဆိုင်ရာ ပညာသင်က ကတိခံဝန်ချက် စာချုပ်ချုပ်ဆိုရတာကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်စွဲနဲ့ အစိုးရအဖွဲ့ရုံးက ထုတ်ပြန် ကြေညာထားပါတယ်။ ဒါ့အပြင် ပညာသင်ပြီး ပြန်ရောက်လာပြီးနောက် သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေထဲမှာ ကာလ ဘယ်လောက်ကြာအောင် တာဝန်ထမ်းဆောင်ရမလဲ ဆိုတာကိုလည်း ပြန်ပြီး သတ်မှတ်ဖို့ လုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ဒီအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာန၊ အဖွဲ့အစည်းတွေ အနေနဲ့ ခံဝန်ထိုးပြီး ပညာသင်လွှတ်ခဲ့တဲ့ ဦးရေ၊ အဲဒီထဲက ဘယ်လောက် ပြန်လာတယ်၊ ဘယ်လောက် ပျက်ကွက်တယ်ဆိုတာ အစိုးရအဖွဲ့ရုံးကို အမြန် စာရင်းပြုစု ပေးပို့ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အေးချမ်းမွန် Credit To >DVB TV News< Thankhttps://www.facebook.com/ excellencemedia
အေးချမ်းမွန် Credit To >DVB TV News< Thankhttps://www.facebook.com/
Post a Comment