Wednesday, 04 December 2013
တပ်မတော်အနေဖြင့် ဒီမို ကရေစီလမ်းကြောင်းကို အမှန် တကယ်လိုလားစွာ လျှောက် လှမ်းနေပြီး မိမိတို့၏ ရည်မှန်း ချက်မှာ စုစည်းညီညွတ်သည့် ပြည်ထောင်စုကြီးကိုတည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် စေရန်ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ပြောကြားသည်။
၎င်းက တစ်ဖက်မှတည် ငြိမ်အေးချမ်းမှုရှိပါက တရား ဥပဒေစိုးမိုးမှုရှိနိုင်မှာ ဖြစ်ပြီး ယင်းကိုအခြေခံ၍ စည်းစည်း လုံးလုံးညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ပါက မျှော်မှန်း ထားသည့် ဒီမိုကရေစီပန်းတိုင် ကို မယိမ်းမယိုင်ရောက်ရှိနိုင် မှာဖြစ်ကြောင်း၊ယခုကဲ့သို့ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်စိတ် တစ်ဒေသအားဖြင့် ပါဝင်ကူညီခွင့် ရှိသည့်အတွက် ကျေးဇူးတင်ရှိ ကြောင်း ယနေ့ညနေတွင် စစ်တွေ မြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအလှူငွေပေးအပ်ပွဲတွင်
ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင်မိမိတို့နိုင်ငံသည် ပြည် ထောင်စုနိုင်ငံဖြစ်ပြီး တိုင်းရင်းသား လူမျိုးများသည် တစ်မိုးအောက် တွင်တစ်မြေတည်းနေတစ်ရေတည်း
သောက်၍ ညီအစ်ကိုမောင်နှမများ သဖွယ်နေထိုင်ခဲ့ကြောင်း၊ ရခိုင် ပြည်နယ်သည် သမိုင်းအစဉ်လာ အားဖြင့် အေးချမ်းသာယာသည့် နယ်မြေဖြစ်ကြောင်း၊ ယခင်ခေတ် အဆက်ဆက် အစိုးရများကလည်း ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ပေး ခဲ့ကြ ကြောင်း၊ တပ်မတော်အစိုးရကာလ တွင်လည်း ရခိုင်ပြည်နယ်အတွက် အဓိကခက်ခဲမှုဖြစ်သည့် လမ်းပန်း ဆက်သွယ်မှုအတွက် များစွာဆောင် ရွက်ပေးခဲ့ကြောင်း၊ ယခင်က စိတ် ကူးမျှသာရှိပြီး မဆောင်ရွက်နိုင် သည့် ပဒန်း-အမ်း-စစ်တွေကား လမ်း၊ အမ်း-မအီ- ကျောက်ဖြူ ကားလမ်းများကို ဘီလီယံများစွာ ရင်းနှီးသုံးစွဲ၍ အခြေခံအားဖြင့် တည်ဆောက်ပေးခဲ့ပြီးဖြစ်သဖြင့် ပိုမို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
အလားတူ ရခိုင်ပြည်နယ်အတွင်း ပညာရည်မြှင့်တင်ရေးအတွက် တက္ကသိုလ်၊ ကောလိပ်များ တည် ဆောက်ပေးခဲ့ပြီဖြစ်၍ အကျိုးရှိစွာ အသုံးချရန်လိုအပ်ကြောင်း၊ ယခု အလှူငွေပေးအပ်ပွဲမှာလည်း ရခိုင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထားရှိကြသည့်
စေတနာများကို ဖော်ပြနေကြောင်း၊ တပ်မတော်၏ အဓိကတာဝန်မှာ ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက် သကဲ့သို့ တိုင်းရင်းသားပြည်သူ လူထု၏ အသက်အိုးအိမ်ကိုလည်း ကာကွယ်စောင့်ရှောက်လျက်ရှိပြီး ပြည်သူ့အကျိုးစီးပွားကိုဖော်ဆောင် ပေးလျက်ရှိကြောင်း ပြောကြား ခဲ့သည်။
ဆက်လက်၍ တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများက အလှူငွေကျပ်သိန်း ၅ဝဝ၊ စီးပွား ရေးဦးပိုင်လီမိတက်ကဘိလပ်မြေ အိတ်၃ဝဝဝ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ဘိလပ်မြေအိတ် ၂ဝဝဝ အပါအဝင်အလှူရှင်များက အလှူငွေစုစုပေါင်း ကျပ် ၈၆၂၈ သိန်းပေးအပ်လှူဒါန်းခဲ့ကြသည်။
The Union Daily
အေးချမ်းမွန် Credit To >မြ၀တီ < Thankhttps://www.facebook.com/excellencemedia

Post a Comment