မြတ်မိုးအောင်
ရန်ကုန်၊ ဒီဇင်ဘာ ၃ ။ ။ သိမ်ကြီး ဈေးအနီးညနေပိုင်းတွင် ဈေးသည် တချို့ လမ်းမပေါ်ဈေးတက်ရောင်း နေမှုသည် ယာဉ်အန္တရာယ်ဖြစ်စေ နိုင် သဖြင့် သက်ဆိုင်ရာမှဆောင် ရွက်ပေးစေလိုကြောင်း လမ်းသွား လမ်း လာ များနှင့် ယာဉ်မောင်း တချို့က ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာ သို့ ပြောသည်။
အဆိုပါဈေးသည်များမှာ ညနေပိုင်းအချိန်များတွင် ကား လမ်းမပေါ် ဈေးတက်ရောင်းခြင်း ကြောင့် ယာဉ်တိုက်မှုများဖြစ်လာ နိုင်ကြောင်း၊ ဈေးသည်များဖြင့် ယာဉ်ကြောပိတ်ခြင်းများ မကြာ ခဏဖြစ်ပေါ်ကြောင်း သိရသည်။
''သိမ်ကြီးဈေးက ညပိုင်းပို စည်တယ်။ ဈေးသည်တွေက နေ ရာတွေ တိုးချဲ့ကြတာ လမ်းမကြီး တစ်ခုလုံးပဲ။ ကားသွားစရာ နေ ရာတောင် မရှိဘူး။ တစ်ခုခုဖြစ် ရင် ကားသမားတွေပဲအပြစ်ဖြစ် မယ်။ ဈေးမရောင်းရအောင်လို့ ပြောတာမဟုတ်ပါဘူး။ လမ်းမ ပေါ် အများကြီးတက်ပြီး ဈေးမ ရောင်းသင့်လို့ပါ''ဟု ၁၉လမ်းမှ တက္ကစီယာဉ်မောင်းတစ်ဦးက ပြော သည်။
လမ်းမပေါ် ဈေးတက်ရောင်း ခြင်းသည် ယာဉ်အန္တရာယ်ဖြစ်နိုင် ခြင်းအပြင် ယာဉ်ကြောပိတ်ခြင်း များနှင့် လမ်းသွားလမ်းလာများ အတွက်လည်း စိတ်အနှောင့်အ ယှက်ဖြစ်စေကြောင်း သိရသည်။
''ကားတွေက သွားစရာနေ ရာမရတော့ လမ်းကျော်မောင်းကြ တယ်။ ဈေးသည်တွေကလဲ ကား လမ်းမကြီးတစ်ခြမ်း အပြည့်နေ ရာယူပြီးရောင်းကြတယ်။ ကား တွေကလဲ နောက်တစ်ခြမ်းကိုနေ ရာယူတော့ လမ်းသွားလမ်းလာ တွေအတွက် အခက်အခဲဖြစ်တာ ပေါ့။ အန္တရာယ်များတယ်''ဟု သိမ်ကြီးဈေးတွင် ဈေးလာဝယ်သူ မဝင်းမြင့်က ပြောသည်။
ယင်းကဲ့သို့ လမ်းများပိတ် ဆို့ခြင်း၊ ယာဉ်အန္တရာယ်ဖြစ်နိုင် ခြင်းများကြောင့် သိမ်ကြီးဈေးည ဈေးမှ ဈေးသည်များကို စနစ်တ ကျနေရာသတ်မှတ်ရောင်းချစေ ပြီး ကားလမ်းမပေါ် နေရာယူ ရောင်းချခြင်းကို ဆင်ခြင်စေလို ကြောင်း၊ လမ်းနှင့် ဈေးအတွင်း တာဝန်ရှိသူများကလည်း တာ ဝန်ယူ ဆောင်ရွက်ပေးစေလို ကြောင်း သိရသည်။
''တကယ်လို့ မတော်တဆ ဖြစ်လာရင် နှစ်ဖက်စလုံးထိခိုက် နိုင်တယ်။ အဲဒါကြောင့်မဖြစ်ခင် ကြိုတင်ကာကွယ်သင့်တယ်''ဟု ယင်းသိမ်ကြီးဈေး ညဈေး၌ ဈေး လာဝယ်သူ အသက်၄၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/
Post a Comment