0

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီးရှိ CNG သုံး ယာဉ်များကို CNG ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခြင်း မပြုဘဲ တစ်ရက်လျှင် ပျမ်းမျှ ကုဗပေ ၁၈ သန်းခန့်ကို မူလအတိုင်း ပုံမှန် ပေးသွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန (ပြန်ကြားရေး တာဝန်ခံရုံး) မှ ရုံးအဖွဲ့မှူးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် စာရွက်စာတမ်း မပြနိုင်သည့် ယာဉ်စီးရေ ၃၀၀ ကျော်ကို CNG ထုတ်ယူခွင့် ယာယီရပ်ဆိုင်းကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (မန္တလေး) မှ တရားဝင် ထုတ်ပြန် ခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် စာရွက်စာတမ်း မပြနိုင်သည့် မော်တော်ယာဉ် မရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းထံ မှ စုံစမ်းသိရသည်။

ခရီးသည်တင်ယာဉ်များ၊ အငှား ယာဉ်များမှာ ပုံမှန်ပြေးဆွဲခြင်း မရှိသောကြောင့် တစ်ရက်လျှင် မည်မျှ CNG ပေးရသည်ကို မသိရသော်လည်း တစ်ရက်ပျမ်းမျှ ကုဗပေ ၁၈ သန်းသာ အကြမ်းဖျင်း ပေးရကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

CNG ပေးဝေမှုမှာ ကန့်သတ်ချက် မရှိဘဲ မိမိမော်တော်ယာဉ်၏ CNG ဝင်ဆံ့မှု ပေါ်မူတည်၍ အကြိမ်အရေ ကန့်သတ်ချက် မရှိ ထည့်နိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

CNG မော်တော်ယာဉ်များမှာ ၆၀၀ လီတာ ထည့်ဝင်နိုင်သည့် ယာဉ်များ၊ ၆၀၅ လီတာ ထည့်ဝင်နိုင်သည့် ယာဉ်များ၊ ၄၈၀ လီတာ ထည့်ဝင်နိုင်သည့်ယာဉ်များ ဟူ၍ ရှိပြီး ၄င်းတို့ ပြေးဆွဲသည့် ခေါက်ရေပေါ် မူတည်၍ CNG ထည့်ရခြင်း ဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top