အေးချမ်းမွန် Credit To >DVB TV News < Thankhttps://www.facebook.com/
ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီဟာ ပြည်တွင်းမှာ ဆက်သွယ်ရေးတာဝါတိုင်တွေ ဆောက်ဖို့ ဒီဂျီဆဲ အာစီယံ ဟိုးလ်ဒင်း( Digicel Asian Holdings ) ကုမ္ပဏီ ကို ငှားရမ်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ အော်ပရေတာလုပ်ငန်း လုပ်ဖို့ တင်ဒါအောင်ထားတဲ့ ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီဟာ ပြည်တွင်းမှာ ဆက်သွယ်ရေးတာဝါတိုင်တွေ ဆောက်ဖို့ ဒီဂျီဆဲ အာစီယံ ဟိုးလ်ဒင်း( Digicel Asian Holdings ) ကုမ္ပဏီ ကို ငှားရမ်းလိုက်ပြီလို့ ဒီဂျီဆဲ ကုမ္ပဏီက ထုတ်ပြန်ကြေငြာပါတယ်။ ဒီဂျီဆဲ ဟိုးလ်ဒင်း ကုမ္ပဏီဟာ သိပ်မကြာသေးခင်ကာလကပဲ ဒီဂျစ်ဆဲ ကုမ္ပဏီ၊ ရိုးမဟိုးလ်ဒင်းနဲ့ အက်ဖ်အမ်အိုင် ကုမ္ပဏီတွေ ပူးပေါင်းထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီဂျစ်ဆဲ ဟိုးလ်ဒင်းကုမ္ပဏီ လက်အောက်က မြန်မာတာဝါ ကုမ္ပဏီဟာ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်မယ့်သူတွေအတွက် ဘက်စုံသုံး တာဝါတိုင်တွေ ဆောက်ပေးဖို့ ပထမဦးဆုံး လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ ဖြစ်ပါတယ်။ ဒီဂျီဆဲ ကုမ္ပဏီဟာ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါကို ၀င်ပြိုင်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့သူလည်း ဖြစ်ပါတယ်။
အေးချမ်းမွန် Credit To >DVB TV News < Thankhttps://www.facebook.com/ excellencemedia
အေးချမ်းမွန် Credit To >DVB TV News < Thankhttps://www.facebook.com/
Post a Comment