0

မာန်ယုကျော် (ရွှေဝမြေ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ။ ။ ပုဂ္ဂလိက ယာဉ်လိုင်းတစ်ခုဖြစ်သော 'မေတ္တာ လှိုင်း'ယာဉ်လိုင်းသည် ယခုနောက် ပိုင်း မထသ၏စီမံခန့်ခွဲမှုအောက် တွင် ဝင်ရောက်ပြေးဆွဲနိုင်ရန် မထသကော်မတီထံသို့ ကမ်းလှမ်း ထားကြောင်း မထသကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇော်က ပြော သည်။

ယာဉ်စီးရေ ၁၄ဝခန့်ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်၏ စီမံမှု အောက်တွင် ခရီးသည်တင်ပြေး ဆွဲနေသည့် 'မေတ္တာလှိုင်း' ယာဉ် လိုင်းမှာ မထသ၏ စီမံခန့်ခွဲမှု နှင့် စည်းမျဉ်း၊ စည်းကမ်းများကို နှစ်သက်သည့်အတွက် မထသ ၏ စီမံခန့်ခွဲမှုအောက်တွင် ဝင် ရောက်ပြေးဆွဲရန် အဆိုပါယာဉ် လိုင်းမှတာဝန်ရှိသူတို့က မထသ ကော်မတီထံသို့ နိုဝင်ဘာပထမ ပတ်အတွင်းတွင် ကမ်းလှမ်းခဲ့ ကြောင်း မထသ(မြို့တွင်း)ကော် မတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇော် က ပြောသည်။

''ဝင်ရောက်ပြီးပြေးဆွဲဖို့ ကမ်း လှမ်းထားတုန်းပဲ ရှိသေးတယ်။ သူတို့ကမ်း လှမ်း ချက်ဖြစ်တဲ့ ဝင် ရောက်ပြေးဆွဲခွင့်ပေးဖို့ကိုလဲ မထသကော်မတီအနေနဲ့ စဉ်းစားသွားဖို့ရှိပါတယ်''ဟုယင်းကရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြောသည်။

မထသ၏စီမံမှုအောက် တွင်ဝင်ရောက်ပြေးဆွဲရန် မေတ္တာ လှိုင်းယာဉ်လိုင်းက ကမ်းလှမ်းမှု များရှိကြောင်း မထသမှ ထုတ် ဖော်ပြောဆိုသော်လည်း အဆိုပါ ယာဉ်လိုင်းအနေဖြင့် ယခုကဲ့သို့ ကမ်းလှမ်းထားမှုမရှိသေးဘဲ မထ သလက်အောက် တွင် ဝင်ရောက် ပြေးဆွဲရန် စဉ်းစားနေဆဲအဆင့် သာရှိသေးကြောင်း မေတ္တာလှိုင်း ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦး က ပြော သည်။

''ကမ်းလှမ်းထားတာ မဟုတ် သေးပါဘူး။ စဉ်းစားနေဆဲအဆင့် သာရှိပါသေး တယ်''ဟု မေတ္တာ လှိုင်းယာဉ်လိုင်းမှ တာဝန်ရှိသူ က ရန်ကုန်တိုင်းမ်နေ့စဉ် သတင်း စာသို့ပြောသည်။

မထသစီမံမှုအောက်တွင် ၂၀၀၉ ခုနှစ်နှင့်၂၀၁ဝပြည့်နှစ် ဝန်းကျင်ခန့်က ယာဉ်စီးရေ ၂၄၀၀ ခန့်ရှိခဲ့သော်လည်း ယခုနောက် ပိုင်း စစ်ကျန်ဘတ်စ် တချို့ကိုအပ် ရခြင်းအပြင် တချို့ကားများမှာ တခြားယာဉ်လိုင်း များသို့ ပြောင်း ရွှေ့သွားကြသည့်အတွက် လက် ရှိတွင် ယာဉ်စီးရေ ၁၈၉၁စီးသာ ကျန်ရှိတော့သည့်အတွက် ယခု ကဲ့သို့ ယာဉ်လိုင်းသစ် တစ်ခုဝင် ရောက်လာခြင်းဖြင့် မထသကော် မတီအောက်တွင် ယာဉ်လိုင်းများ တိုးလာမည်ဖြစ်ပြီး မထသ၏စီမံခန့်ခွဲမှုစရိတ်လည်း ပိုမိုရရှိ လာ မည်ဖြစ်သောကြောင့် ယခု ကဲ့သို့ဝင်ရောက်ပြေးဆွဲရန် ကမ်း လှမ်းမှုကိုကြို ဆိုကြောင်း မထသ (မြို့တွင်း)ကော်မတီဒုတိယဥက္ကဋ္ဌ ဦးမင်းဇော်က ဆိုသည်။

အေးချမ်းမွန် Credit To >Yangon Media Group

Post a Comment

 
Top