ဒီခေတ်နေ
ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ။ ။ မြန်မာ နိုင်ငံတွင် လိင်တူချစ်ခြင်းကို ရာ ဇဝတ်မှုအဖြစ်သတ်မှတ်ထားခြင်း အားပယ်ဖျက်ပေးရန် ပထမဆုံး အကြိမ်ဒေါ်အောင်ဆန်းစုကြည် ၏တိုက်တွန်းတောင်းဆိုမှုအပေါ် မြန်မာ LGBT အခွင့်အရေးဆိုင် ရာကွန်ရက်ကထောက်ခံ သည့် ကြေညာ ချက်တစ်စောင်ကိုထုတ် ပြန်လိုက်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၉ရက်တွင်ပြု လုပ်သော HIV/AIDS နှင့်ပတ် သက်သည့် ကမ္ဘာ့ကုလသမဂ္ဂအာ ရှပစိဖိတ်ဒေသဆိုင်ရာညီလာခံ သို့ပေးပို့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မိန့် ခွန်းတွင် ယင်းကဲ့သို့ ထည့်သွင်းပြော ကြားခဲ့ခြင်းကို မြန်မာ LGBT ခွင့်အရေး ဆိုင်ရာကွန်ရက်မှ နို ဝင်ဘာ ၂၂ရက်တွင် ထုတ်ပြန် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သော အဆိုပါမိန့်ခွန်းတွင် လိင်တူ ချစ်မှု အပေါ်ရာဇဝတ်မှု အဖြစ်သတ်မှတ်ထားသော ဥပ ဒေများရှိနေခြင်းက လိင်တူချစ်သူ များအကြား HIV/AIDS ကုသ ရေးမှာ အခက်အခဲ အဟန့်အတား ဖြစ်နေကြောင်း၊ လိင်တူချစ်သူ များကြား HIV/AIDS ကူးစက် ပြန့်ပွားမှုနှုန်းမှာ အမြင့်ဆုံးတွင် ရှိနေပြီး ထိုသို့ဖြစ်နေရခြင်းမှာ လည်း
လူထုအတွင်းခွဲခြားမှုကို ဖြစ်နေစေသည့် အယူအဆအစွဲ များ၊ ဥပဒေများ ရှိနေသောကြောင့် ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက
၂၀၁၃ခုနှစ် ဇူလိုင် ၆ရက် နှင့် ရရက်တို့တွင် မန္တလေးမြို့၌ အမျိုးသားချင်း ချစ်ခင်စုံမက်သူ များနှင့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူ ၁၂ယောက် သည် မန္တလေးတိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment