ဝါရှင်တန် ၊ ဒီဇင်ဘာ ၆။ ။ ၎င်းတို့၏ ကိုယ်ပိုင်လွတ် လပ်ခွင့်ကို အေဂျင်စီက ချိုး ဖောက်မည်မဟုတ်ကြောင်း၊ အ မေရိကန်များအား ပူပင်သောက မရှိစေရန် အမျိုးသားလုံခြုံရေး အေဂျင်စီကို ပြုပြင်ပြောင်းလဲ ရေးပြုလုပ်ရန် ရည်ရွယ်ထား ကြောင်း သမ္မတဘားရက်အိုဘား မားက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
''လာမယ့်လအတွင်း ကျွန် တော်တို့ ကြိုးစားလုပ်မယ့်အ စိတ်အပိုင်းကတော့ လွတ်လပ် တဲ့ ပြန်လည်သုံးသပ်မှုတစ်ခုပြီး အောင် လုပ်ရေးပါ။ ပြီးတော့ လူထုတစ်ရပ်လုံး ပြည်သူ့လွတ် လပ်ခွင့်ကို ယုံကြည်တဲ့သူတွေ၊ ရှေ့နေတွေနဲ့ အခြားသူတွေက ဘာတွေလုပ်ထားတယ်ဆိုတာ စစ်ဆေးဖို့ပါ။ NSA နဲ့ ပတ်သက် လို့ အမိန့်ထိန်းချုပ်မှုတွေပြုလုပ် နိုင်ဖို့ ကျွန်တော်အဆိုပြုမှာပါ။ နောက်ပြီးတော့ ပြည်သူတွေ ပို မိုယုံကြည်စေနိုင်မယ့် ပြုပြင် ပြောင်းလဲမှုတချို့ကိုလဲ စလုပ် သွားမှာပါ''ဟု MSNBC ရုပ်သံ နှင့် အင်တာဗျူးတွင် အိုဘားမား က ပြောကြားခဲ့သည်။
လူတစ်ဦးချင်းစီသာမက နိုင်ငံခြားခေါင်းဆောင်များ၏ ပြောဆိုဆက်သွယ်မှုအပေါ် ခိုး နားထောင်ကာ ထောက်လှမ်း သည့် NSA ၏လုပ်ရပ်များ ဖော် ထုတ်ခံရမှုနှင့်အတူ ၎င်း၏ လုပ် ကိုင်နိုင်စွမ်းအပေါ် စိုးရိမ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာ ခဲ့သည်။
အေဂျင်စီသည် အမေရိကန် တချို့အပါအဝင် ကမ္ဘာတစ်ဝန်း မိုဘိုင်းဖုန်းများကို တစ်နေ့လျှင် မှတ်တမ်း ငါးဘီလီယံနီးပါးကို စုဆောင်းနေကြောင်း ဝါရှင်တန် ပို့စ်က ယခုသီတင်းပတ်တွင် အစီ ရင်ခံခဲ့သည်။
NSA အစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ်အချက် အလက်များအပေါ် သုံးသပ်မည် မဟုတ်ဟု အိုဘားမားက ပြော ကြားခဲ့သည်။ သို့သော်လည်း အေဂျင်စီ၏လုပ်ရပ်များကို ဖွင့် ချမှုများက တရားဝင်စိုးရိမ်မှုများ ကို မြင့်မားစေခဲ့သည်။ တချို့ ကဏ္ဍများနှင့်ပတ်သက်၍ ပုံကြီး ချဲ့ပြောကြားမှုများလည်း ရှိနေ ကြောင်း အိုဘားမားက ပြော ကြားခဲ့သည်။ အမေရိကန်မြေ ပေါ်တွင် အကြမ်းဖက်တိုက်ခိုက် မှုကို တားဆီးရန် စောင့်ကြည့်မှု တချို့ပြုလုပ်ရန် လိုအပ်သော် လည်း အမေရိကန်တွင် အေဂျင် စီ၏ လုပ်ရပ်များမှာ မလုပ်ချင် ဘဲ လုပ်ရသော အလုပ်များ ဖြစ် သည်ဟု အိုဘားမားက ပြော သည်။ ''သူတို့က ခင်ဗျားရဲ့ အီး မေးလ်တွေကို ဖတ်ဖို့ စိတ်မဝင် စားပါဘူး''ဟု ၎င်းက ပြောသည်။
Ref: Reuters
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/excellencemedia
Post a Comment