0


Created on Saturday, 30 November 2013 19:07 

မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များထံ ချထားပေးသော ကျပ်သိန်းတစ်ထောင်အား သုံးစွဲနိုင်ရန်အတွက် နိုဝင်ဘာ ၃၀ ရက်တွင် မြောင်းမြခရိုင် အထွေထွေ အုပ်ချုပ်ရေး ဌာနရုံးတွင် ခရိုင်အတွင်းရှိ ကိုယ်စားလှယ်များ စုပေါင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အသီးသီးနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း၊ အခမ်းအနားတွင် မြောင်းမြမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဌေးနိုင်က မြို့နယ်အသီးသီးတွင် အထောက်အကူပြု ကော်မတီများမှတစ်ဆင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းရန်၊ ရရှိလာသော ငွေများ ပိုလျှံသည်မရှိ
ကျပ်သိန်းတစ်ထောင် ထုတ်ပေးရာတွင် ဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုကို ကျပ်သိန်း ၅၀ ထက် မပိုအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိပါ။ နောင်နှစ်များတွင် ယခုကဲ့သို့ ကျပ်သိန်းတစ်ထောင် ရရှိနိုင်မည် မဟုတ်ကြောင်း . . . . .

အသုံးပြုနိုင်ရန် ပြောကြားခဲ့ပြီး၊ မြောင်းမြပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းဂျော်နီက အချို့သော စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကန်ထရိုက် ယူထားသူများက သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်အောင် ဆောင်ရွက်မှု မရှိသောကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာလျက် ရှိကြောင်းကို "ကျွန်တော် စာသင်ကျောင်းတွေ ပြန်လည်ဆောက်လုပ်တာမှာ တစ်ခုဘာတွေ့လဲဆိုတော့ ကန်ထရိုက် ယူထားသူတွေက သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် မလုပ်နိုင်ကြဘူး။ အခုရရှိတဲ့ ငွေတွေဟာ သတ်မှတ်ချိန်တွင်းမှာ အကောင်အထည် မဖော်နိုင်ရင် ပြန်လည်အပ်နှံရမှာ ဖြစ်တယ်။ ဒါကြောင့် အသေအချာ စိစစ်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်" ဟု ပြောကြားခဲ့သည်။

ကျပ်သိန်းတစ်ထောင် ထုတ်ပေးရာတွင် ဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုကို ကျပ်သိန်း ၅၀ ထက် မပိုအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိပါ။ နောင်နှစ်များတွင် ယခုကဲ့သို့ ကျပ်သိန်းတစ်ထောင် ရရှိနိုင်မည် မဟုတ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဌေးနိုင်က ပြောကြားခဲ့သည်။

"အခုရတဲ့ သိန်းတစ်ထောင်ကို လေးလအတွင်းမှာ ကုန်အောင်မသုံးနိုင်ရင် ပြန်အပ်ရမှာ ဖြစ်တယ်။ မကုန်ခဲ့ရင် နောင်နှစ်တွေမှာ ထပ်မံချထားပေးမယ့် သိန်းတစ်ထောင်ကလည်း အဲဒီမြို့က မလိုအပ်ဘူးထင်ပြီး ချထားပေးနိုင်မယ် မထင်ဘူး။ ဒါကြောင့် လုပ်ငန်းများ အမြန်အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်" ဟု ယင်းက ပြောကြားသည်။

မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လျင်မြန်စွာ အကောင်ထည်ဖော်နိုင်ရန် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ကောက်ယူထားသော ဒေသတွင်း လိုအပ်ချက်များ သာမက လွှတ်တော်ကိုယ်စားလှယ်များ ဒေသတွင်း ကွင်းဆင်းစစ်ဆေးရာတွင် မြင်တွေ့ခဲ့ရသော လိုအပ်ချက်များကိုပါ ဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top