0

Wednesday, 04 December 2013 12:47
Written by ရွှေဟင်္သာ သတင်းဌာန

မနက်ဖြန် ဒီဇင်ဘာ (၅)ရက်နေ့သည် ထိုင်း ဘုရင်မင်းမြတ် ဘုံနီဘော အဒူရာဒက်၏ (၈၆)နှစ်မြောက် မွေးနေ့ဖြစ်ပါသည်။ ဘုရင့် မွေးနေ့ကျင်းပ ရန်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လယ်မှဆန္ဒပြ နေသော ဒီမိုကရေစီ ကျောက်တိုင် လမ်းမတွင် စုပေါင်း သန့်ရှင်းရေး လုပ်ဆောင် နေကြပါသည်။

ထိုင်းဝန်ကြီးချုပ် ယင်လတ်ခ် ချင်နာဝပ်သည် ဆန္ဒပြပွဲကြောင့် တပတ်ကြာ ရပ်နားခဲ့ရပြီးမှယနေ့ ၀န်ကြီးချုပ်ရုံး သို့ ပြန်လည် ရုံးတက်နိုင်ခဲ့ပါသည်။ ဆန္ဒပြသူ များသည် ဘန်ကောက်မြို့တိုင်းရဲဌာန ချုပ်ရုံးကို ပြန်လည် ဆန္ဒပြကြရာ ရဲများက တံခါးဖွင့်ပေး သည့်အတွက် ၀င်ရောက်နိုင်ခဲ့ပါသည်။

အတိုက်အခံ ခေါင်းဆောင် တဦးဖြစ်သူ ထာဝေါင် စေဏိယမ်းသည် လွန်ခဲ့သော (၅)ရက်ကရမ်ခမ်းဟမ် တက္ကသိုလ် ဆန္ဒပြမှူတွင် သေနတ် ဒါဏ်ရာဖြင့် သေဆုံး သွားသော ကျောင်းသား(၃)ကိစ္စကို(၇)အတွင်း စုံစမ်းဖေါ်ထုတ် ပေးရန် တောင်းဆို ခဲ့ပါသည်။

ရဲချုပ်ကလည်း ဤကိစ္စအတွက် ရဲအရာရှိ တဦးကို တာဝန်ပေးအပ် ခဲ့ပြီးဖြစ်ကြောင်းပြောကြားခဲ့သည့် အတွက် ဆန္ဒပြသူများ ပြန်လည် ထွက်ခွာသွားပါသည်။

ဤသို့ကြောင့် ဆန္ဒပြပွဲ၏ ဌာနချုပ် ဖြစ်သော ဒီမိုကရေစီ ကျောက်တိုင်သည် ဘုရင့်မွေးနေ့ အတွက်ပြင်ဆင်နေကြ သဖြင့် မနက်ဖြန် ဆန္ဒပြပွဲ ရှိမည် မဟုတ်ဟု အကဲဖြတ် ကြပါသည်။

အတိုက်အခံ ဆန္ဒပြသူ များသည် ၀န်ကြီးချုပ်ရုံး အပါဝင် ရဲချုပ်ရုံးများ ကိုပါဝင်ရောက် ဖိအားပေး နိုင်ခဲ့သည့်အတွက် ဆန္ဒပြမှု အောင်မြင်ကြောင်း ပြောဆိုခဲ့ ကြသော်လည်းလက်ရှိနိုင်ငံရေး အကြပ်အတည်းကို မည်သို့ ဖြေရှင်း ကြမည်ကို အတိအကျ မပြောနိုင်သေးပေ။

သို့သော် ညှိနှိုင်းမှုဖြင့် ဖြေရှင်းပြေလည် လိမ့်မည်ဟု ယူဆနိုင် သော်လည်းဝန်ကြီးချုပ်ကမူ နှုတ်ထွက် ရလိမ့်မည်ဟု သုံးသပ်နေကြပါသည်။

ထိုင်းဘုရင်မင်းမြတ် ဘုံနီဘော အဒူရာဒက် ပုံတော် ထိုင်းဘုရင်မင်းမြတ် ဘုံနီဘော အဒူရာဒက် ပုံတော် ဓါတ်ပုံ - (အင်တာနက်)

အေးချမ်းမွန် Credit To > ရွှေဟင်္သာ သတင်းဌာန < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top