မနေ့က ဖြစ်ပွားခဲ့တဲ့ မိချောင်းကန် အပိုင်း ၁ ၂ ၃ သပိတ်မှောက်ပြည်သူတွေကို အကြမ်းဖက်ပြီး ရိုက်နှက်ဖြိုခွင်း သွားတဲ့ အဖွဲ့တွေ ဟာ ဘယ်ကနေ ဘယ်သူ စီမံပြီး ဘယ်လို လုပ်သွားမှန်း သူတို့တောင် မသိလိုက်ဘူးလို့ အဲဒီ မြို့နယ်က လုံခြုံရေးနဲ့ ထောက်လှမ်းရေး တာဝန်ရှိသူတချို့က ကျနော့်ကို ပြောပါတယ်။
တဦးစ နှစ်ဦးစ ကတော့ ဒီလူတွေ ဒီလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) တပ်မြို့စည်ပင်သာယာရေး အဖွဲ့ရုံး ( ရန်ကုန်) ၀န်ထမ်းစီစစ်ရေး ကဒ်ပြား လို့ တရားဝင် ကဒ်ပြားတွေ စနစ်တကျ ချိတ်ဆွဲထားတဲ့ နံပတ်ဒုတ်ကိုင် အနက်ရောက် အပေါ်ဝတ် အကျီနဲ့ အဖွဲ့တွေဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ် က တပ်ထောက်ဆိုင်ရာ တာဝန်ရှိသူ တဦးဦးက စီမံခန့်ခွဲ စေလွှတ်လိုက်တာ ဖြစ်နိုင်တယ် လို့ သုံးသပ်ပါတယ်။
စစ်တပ် က ထုတ်ပေးတဲ့ စီစစ်ရေး ကဒ်ပြားတွေချိန်ထားတဲ့ လူတွေဟာ အရပ်ဘက် အုပ်ချုပ်ရေး က ဦးဆောင်စေလွှတ် ဖြိုခွင်း ခိုင်းလိုက်တာ မဟုတ်ဘူး ဆိုတဲ့ သက်သေပါပဲတဲ့။
ဘယ်လိုပဲဖြစ်စေ။ ဒီပဲယင်း လုပ်ကြံမှုကြီး အကြောင်း အစဖေါ်မယ် လုပ်တိုင်း ၀ူးဝူးဝါးဝါးနဲ့ နောက်ကြောင်း မလုံတဲ့ အာဏာရှင်ကြီးတွေ၊ ရွှေဝါရောင် သံဃာအရေးအခင်း ဖြိုခွင်း ခံရတဲ့ အကြောင်း အစဖေါ်မယ်လုပ်တိုင်း ရှုးရှုးရှားရှားနဲ့ လမ်းလွဲတတ်တဲ့ သူတွေ ယနေ့တိုင် ဗွီအိုင်ပီဆိုတဲ့ ကားတွေ စီးနေဆဲ ကာလမှာ အခုလို အမိန့်ပေး တာဝန်ယူသူသာ ရှိမယ်ဆိုရင် လူသတ်ရ သတ်ရ၊ ဘယ်သူ့ ရိုက်ရ ရိုက်ရ ခိုင်းတာ အားလုံး လုပ်ဖို့ အသင့်ရှိတဲ့ စနစ်တကျ ဖွဲ့စည်း ထားသော အကြမ်းဖက် နှိမ်နှင်းရေး အဖွဲ့အစည်း တွေ လူမသိသူမသိ (အခုတော့ လူသိဗြောင်ထုတ်သုံး) ဖွဲ့စည်း လေ့ကျင့်ပေးထားတယ် ဆိုတာကတော့ သိပ်မဆန်းပါဘူး။
ဒီလို ငါတို့ ငွေရှိတယ်၊ နိုင်ငံ့ ဘဏ္ဍာကို ငါတို့ ထင်သလို သုံးဖြုန်း ခွင့် ရှိတယ်။ ဆိုပြီး လက်ပါးစေ လက်နက်ကိုင် ( နံပတ်ဒုတ် လည်း လက်နက်ပါပဲ) အဖွဲ့တွေနဲ့ အပြစ်မဲ ပြည်သူကို ခြိမ်းခြောက် ဖိနှပ် ဥပဒေမဲ့ ရက်စက်တတ်တဲ့ ၊ လုပ်ရပ်မျိုးတွေ ယနေ့ အုပ်ချုပ်သူ အစိုးအရ အဖွဲ့ အဆင့်အတန်း အသီးသီး ထဲကနေ ပပျောက်သွားဖို့ ။
မတရားသော အဖိနှိပ်ခံ ဘ၀ကနေ လွန်မြောက် တော်လှန် ရုန်းထွက်ကြတဲ့ အင်အားတွေ တည်ဆောက်နိုင်ဖို့ ကျနော်တို့ ပြည်ထောင်စု တိုင်းရင်းသား အားလုံးမှာ ရင့်ကျက် မျော်မြင်သော ဆင်ခြင်တုံ တရားတွေနဲ့ စဉ်းစားကြဖို့ လိုပြီး။
လေးနက်တဲ့ ရှေူးရှုမှုမျိုးတွေ၊ ပေါင်းစပ်တဲ့ ဘုံ ခံယူချက်တွေ၊ စည်းခိုင်တဲ့ ရည်မှန်းချက်တွေနဲ့ ညီညွတ်တဲ့ စုဖွဲ့မှု၊ စည်းလုံးတဲ့ အမှန်တရား မြတ်နိုးမှုတွေ တည်ဆောက်ကြဖို့ လိုပြီ။
ဒို့ မျိုးချစ် မြန်မာတွေ ပြင်ဆင်ကြတော့ ဒို့ တိုင်းရင်းသားတွေ ပြင်ဆင်ကြတော့ ........... ဟေ့
လို့ မနေ့တုန်းက မိချောင်းကန် မှာ ကိုယ်ထင်ပြခဲ့တဲ့ အနက်ရောင်ဝတ် နံပတ်ဒုတ်ကိုင် အကြမ်းဖက် လုပ်ဆောင်သော လူမျိုးစုံ အသားရောင်စုံနဲ့ စစ်တပ်ရဲ့ တရားဝင်စီစစ်ရေးကဒ် ချိတ်ဆွဲထားခွင့် ရနေတဲ့ ပြည် တွင်း မှာ ဆိုး ပုဆိန်ရိုး မျိုးဖျက် လူတစ်စုက တပ်လှန့် နိုးဆော် လိုက်တာလို့ပဲ သုံးသပ်ခံယူမိတယ်။
နေမျိုးဇင်
အေးချမ်းမွန် Credit To >Coko Dmoe < Thankhttps://www.facebook.com/excellencemedia

Post a Comment