0

လင်းအောင်

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ။ ။ ၂၀၁၅ပြည် လုံးကျွတ် အထွေထွေရွေးကောက် ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အားလုံးတွင် ပါဝင်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ပါတီဒုတိယ ဥက္ကဋ္ဌဦးဌေးဦးက ရန်ကုန်တိုင်းမ် သို့ပြောသည်။

ဦးဌေးဦးက ''၂၀၁၅မှာ ကျွန် တော်တို့ပါတီအနေနဲ့ နေရာတိုင်း မှာဝင်ပြိုင်မယ်။ နေရာတိုင်းမှာ ဝင်ပြိုင်ဖို့အတွက်လဲ ကျွန်တော် တို့ကြိုပြီးပြင်ထားတယ်''ဟုပြော သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ကို ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း ယင်းကို အတည် ပြုထားခြင်းမျိုး မရှိသေးကြောင်း ယင်းက ပြောဆိုသည်။

အစိုးရမှ လုံခြုံရေးအရရွေး ကောက်ပွဲ မလုပ်သည့်ဒေသများ မှလွဲပြီး ဒေသအကုန်လုံးတွင်ပါ ဝင်ယှဉ်ပြိုင်မည်ဟု ဦးဌေးဦးက ပြောသည်။
''လုံခြုံရေးအရ မလုပ်နိုင် ခဲ့ဘူးဆိုတဲ့ နေရာမျိုးတော့မပါ ဘူးပေါ့။
ဒါတောင်မှကျွန်တော် တို့ လျာထားထားပါတယ်''ဟု ယင်းက ပြောသည်။
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်

Credit To:Yangon Media Group

Post a Comment

 
Top