ဒေါ်အောင်ဆန်းစုကြည်ဟာ ဂုဏ်ထူးဆောင် Parma မြို့တော်သူဆုကို လက်ခံပြီးတဲ့နောက်၊ Parma တက္ကသိုလ်မှာလည်း မိန့်ခွန်းစကား ပြောကြားခဲ့ရာမှာ လူငယ်နဲ့ ရည်မှန်းချက်အကြောင်း ဟောပြောခဲ့ပါတယ်။
အဲဒီဟောပြောပွဲကို အီတလီနိုင်ငံရောက် မြန်မာကျောင်းသားတွေနဲ့ မြန်မာနိုင်ငံသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို Asia News က တွေ့ဆုံမေးမြန်းခဲ့ရာမှာ မြန်မာနိုင်ငံ ရေရှည်တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် တိုင်းရင်းသား ပြည်သူအားလုံးကြားမှာ စစ်မှန်တဲ့တန်းတူညီမျှမှုကို အတူတကွခံစားနိုင်ကြဖို့ အရေးကြီးကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို ပြည်သူအားလုံး အထူးကြိုးစားဆောင်ရွက်မှုနဲ့ ကျော်ဖြတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
RFA
Parma မြို့တော်မှတာဝန်ရှိသူများအား တွေ.ဆုံ
အေးချမ်းမွန် Credit To >ခေတ်သတင်း
Post a Comment