0

ဒီဗွီဘီ

ရန်ကုန် လှိုင်သာယာ ထိန်ပင်အမှိုက်ပုံနဲ့ မြောက်ဒဂုံ ထားဝယ်ချောင်းအမှိုက်ပုံတွေကနေ ဒေါ်လာ သန်း ၁၈၀ ကနေ ၂၃၀ ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူမယ့်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ကိုရီးယား ကုမ္ပဏီ ၂ ခုက ရသွားပြီလို့ ရန်ကုန်စည်ပင် သန့်ရှင်းရေးဌာနမှူး ဦးသန်းလွင်ဦးက ပြောပါတယ်။
BOD စနစ်နဲ့ လုပ်မယ့် အဲဒီလုပ်ငန်း၊ ထိန်ပင်အမှိုက်ပုံကို ကိုရီးယား ချေဆွန် (Chasson) နိုင်ငံတကာကုမ္ပဏီ၊ ထားဝယ်ချောင်အမှိုက်ပုံကို ကိုရီးယား ဟွန်ဒိုင်း (HONDI) ကုမ္ပဏီနဲ့ မြန်မာ ဇေယျ ဖက်စပ်ကုမ္ပဏီတို့ လုပ်ကိုင်ခွင့်ရသွားတာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/45781

အေးချမ်းမွန် Credit To >DVB TV Newshttps://www.facebook.com/excellencemedia

Post a Comment

 
Top