မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလ သုံးနှစ်ဝန်းကျင်သို့ ချဉ်းကပ်လာချိန်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှုများ အရှိန်မြှင့်တက်နေပြီဖြစ်သည်။ ယင်းတွင် အသစ်ရေးဆွဲလို သူများ၊ ပြုပြင်ခြင်းသာ ဆောင်ရွက်လိုသူများ စသဖြင့် ကိုယ်စီ ယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုမှုများ ရှိလာသည်။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲခြင်းသည်သာ အကောင်းဆုံးဟု ယုံကြည် သူများထဲမှ တစ်ဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက၊ သတင်းစာဆရာ၊ စာရေးဆရာဟံ သာဝတီဦးဝင်းတင်၏ ယုံကြည်ချက်နှင့် ယနေ့ မြန်မာ့နိုင်ငံရေးအပေါ် သုံးသပ်ချက်များကို မဇိ္ဈမက တွေ့ ဆုံ မေးမြန်းခဲ့ပါသည်။
ရန်ကုန်တိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုသဘောထားဆန္ဒရယူပွဲမှာ ဖွဲ့စည်းပုံပြင်ဖို့ အ များက ဆန္ဒရှိပေမယ့် အသစ်ဆွဲဖို့ ဘာကြောင့် ဆန္ဒရှိတာလဲ။
ကျွန်တော် ထောင်ကနေထွက်လာတဲ့နေ့မှာ ပြောတဲ့စကားရှိတယ်။ တိုင်းပြည်ကို ငဲ့ကြည့်တဲ့အခါကျ တော့ တိုင်းပြည်တစ်ပြည်လုံးကလည်း ထောင်ကျနေတယ်။ ဘာလို့ ထောင်ကျနေလည်းဆို ဒီအခြေခံ ဥပဒေကြောင့်ပဲ။ ဒါကြောင့် ဒီအခြေခံဥပဒေဆိုတာ ဆုတ်ဖြဲပစ်သင့်တယ်လို့ ပြောခဲ့တဲ့ စကားရှိတယ်။ အ ခု လူထုဆန္ဒခံယူမယ်ဆိုတာ လုပ်တယ်။ အဲ့ဒီအစည်းအဝေး မတက်ချင်ဘူး။ ထောင်က လွတ်လာတဲ့နေ့ တည်းက ကျွန်တော့်ရဲ့သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောထားတဲ့ဟာ။ အဲ့တော့ ဒီအချိန်မှာ ကိုယ် ဘာလုပ်မလဲ။ ကိုယ်က အသစ်ရေးဆွဲရေးလိုင်းပဲ ကိုင်ရမှာပဲ။ ဒါပေမဲ့ အသစ်ပဲရေးဆွဲမယ်ပြောပြော၊ ပြင် ဆင်မယ်ပဲပြောပြော လူထုကတော့ ဒီအခြေခံဥပဒေကို မိမွေးတိုင်း၊ ဖမွေးတိုင်းတော့ လက်မခံတော့ဘူး လို့ ငြင်းလိုက်ပြီ။
ဒီအခြေခံဥပဒေမှာ အဓိက ပြင်ရမယ့် အချက်ဆိုရင် ဘယ်အချက်လို့ ပြောချင်ပါသလဲ။
ကျွန်တော့်ရဲ့သဘောထားက အခြေခံမူ ၆ မှာ တပ်မတော်က နိုင်ငံရေးဦးဆောင်မှုမှာ အစဉ်အမြဲ ပါဝင် မယ်။ အဲ့ဒါကို လုံးဝ လက်မခံနိုင်ဘူး။ အဲ့ဒါဟာ ဘာလဲဆိုရင် ဒီအခြေခံဥပဒေကို စစ်အခြေခံဥပဒေ လုပ် တာပဲ။ စစ်တပ်က နေရာတိုင်းမှာ လွတ်ကို မလွတ်ဘူး။ ဒီအခြေခံဥပဒေမှာဆိုရင် တပ်မတော်ဆိုတဲ့ စ ကားလုံးက ရာနဲ့ချီပါနေတယ်။
အခု လွှတ်တော်က ဖွဲ့ထားတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ” ကရော ထိရောက်တဲ့ အချက်တွေ ပြင်နိုင်မယ်လို့ ထင်လား။
အဲဒီမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၅၂ ယောက်၊ စစ်တပ်က ၂၅ ယောက်လေ။ သုံးပုံနှစ်ပုံလောက် ဖြစ်နေတာ။ ဘယ်ပြင်နိုင်မလဲ။ ကော်မတီရဲ့ နာမည်ကိုက လေ့လာမယ်၊ သုံးသပ်မယ်၊ ပြင်မယ်လို့ တစ် လုံးမှ မပါဘူး။ အောက်ကလူတွေကသာ ပြင်ဖို့ဆိုပြီး တင်ကြမှာ။ သူတို့က အဲ့ဒါတွေကို အကြာကြီး ဆိုင်း ထားမယ်လို့ လုပ်လို့ရတယ်။ လွှတ်တော်ထဲမှာရှိတဲ့ ဥပဒေတွေနဲ့ပတ်သက်ပြီး နားလည်ကျွမ်းကျင်တဲ့သူ တွေနဲ့ ဖွဲ့လို့ရတာပဲ။ အခုက အချိုးကျကြီးကို ဖွဲ့ပစ်လိုက်တာ။ သူတို့က အနိုင်စီးတာ နည်းနည်းလေးမှ ကို အလွတ်မပေးဘူး။
ဦးသိန်းစိန်အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ စိန်ခေါ်ချက်တွေရှိနေတယ်လို့ ပြောကြတယ်။ ဘယ်ဟာက အဓိက စိန်ခေါ်ချက်လို့ ထင်လဲ။
အဓိက စိန်ခေါ်ချက်ကတော့ ခုနပြောတဲ့ အခြေခံဥပဒေလိုဟာမျိုးပေါ့။ နောက် ပြည်တွင်းငြိမ်းချမ်းရေးလို ဟာမျိုး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးပေါ့။ ဒီဟာတွေဟာ အဓိက စိန်ခေါ် ချက်တွေပဲ။ နောက်ပြီးတော့ ဘာပဲပြောပြော စီးပွားရေးပေါ့။ တိုင်းပြည်မှာ ငွေလည်ပတ်နေတာ ဘယ် လောက်ရှိတယ်။ Money and Circulation ပေါ့။ မပြောဘူး။ အဲ့ဒါလည်း လွှတ်တော်က လူတွေက မ တောင်းဆိုဘူး။ အဲ့ဒါလည်း အကျပ်ကိုင် တောင်းဆိုရမှာ။ အခုထိ စီးပွားရေးသမားတွေကလည်း မပြော သေးဘူး။ ဒါက အသံကျယ်ကျယ်ကို ထွက်ရမှာ။ ကိုယ်တို့အထင်ကတော့ ဘာသာရေးတို့ ဘာတို့ ညာ တို့က အသေးအဖွဲ့ပဲကွ။ ဒါတွေကတော့ အစိုးရဖြစ်လာရင်တော့ လုပ်နိုင်ရမှာပေါ့။ ဒီလောက်မှ မလုပ်နိုင် ရင် ဘယ်လိုလုပ်မလဲ။
အစိုးရသစ်လက်ထက်မှာ သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတယ်လို့ ပြောကြတယ်။ ဒီအ ပေါ်မှာရော ဘယ်လို မှတ်ချက်ပြုချင်လဲ။
သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုဆိုတဲ့ စကားနဲ့ မေးတာဆိုတော့ လက်မခံနိုင်ဘူး ပြောရမှာပဲ။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုတွေ ဒါတွေအားလုံးဟာ ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်မျက်နှာနဲ့ ဖြစ်လာတာ။ ဒီနိုင်ငံရေး အကျဉ်းသားကိစ္စတွေက အစပေါ့။ အဲဒီတော့ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ ဘာပြုပြင်ပြောင်း လဲရေးတုန်းလို့ မေးစရာရှိလာတယ်။ အဓိပ္ပာယ်ရှိတဲ့ဟာတွေ ဟုတ်ရဲ့လား။
အမျိုးသားနိုင်ငံရေးဆိုပြီး ကြွေးကြော်လာတဲ့အပေါ်မှာရော ဘာများ ပြောလိုပါသလဲ။
ရှင်းရှင်းပြောရရင်တော့ ဒီကိစ္စဟာ နိုင်ငံရေးကို အရေခြုံပြီး လုပ်ရတဲ့ဟာပေါ့။ မဆလ(မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်)တုန်းကလို မဖြစ်ဘူးဆိုပြီးတော့။ နောက်တစ်ခုကတော့ စစ်တပ်ကလည်း အရေခြုံ ပြီးတော့ နိုင်ငံရေးလုပ်ချင်တယ်။ စစ်တပ်က နောက်ပိုင်းမှာ ဘယ်လိုလည်းဆိုတော့ မဆလလိုဟာမျိုးကို လူတွေက ငြင်းဆိုပြီဆိုတော့ အမျိုးသားနိုင်ငံရေးဆိုပြီး လုပ်လာတယ်။ အမျိုးသားနိုင်ငံရေးဆိုတာ ဘာ လည်းဆိုတော့ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ အထူးသဖြင့် ပြည်ခိုင်ဖြိုးပါတီနဲ့ နိုင်ငံရေး အပေးအယူ လုပ်နေ တယ်လို့ ပြောနေတဲ့အပေါ်ရော ဘာများ ပြောလိုပါသလဲ။
ကျွန်တော်တော့ အဲ့လိုမထင်ပါဘူး။ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးတွေ ခန့်ပြီးတော့ အဲ့လိုလုပ်တဲ့ နိုင်ငံ ရေးလေ။ အကြံပေးတွေ ဘာတွေဆိုတာကလည်း ပြောလို့တော့ မကောင်းဘူး။ တချို့က သုံးစားလို့ မရ ဘူး။ ဦးသိန်းစိန်က ပွဲမတိုးဘူး။ အဲ့ဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ရဲ့အချွတ်အချော်တွေ ရှိမယ့်ဟာကို ၀င်ထိန်းတဲ့အနေနဲ့ ပူးပေါင်းပြီးလုပ်တာ။ နောက်တစ်ခါ တစ်ဖက်က သူရဦးရွှေမန်းက လှုပ် ရှားပြီဆိုရင် တစ်ခါ သူနဲ့တွဲလုပ်တယ်။ ဘာလို့လဲဆိုတော့ အကယ်၍ ဥပမာ ဦးသိန်းစိန်ဘက်ကနေ တပ် ကမရှိဘူးဆိုရင် သူရဦးရွှေမန်းဟာ တပ်က ရှိနိုင်တဲ့ဆိုတဲ့ အယူအဆတွေရှိတယ်။ အဲ့ဒီအခါမှာ သူရဦး ရွှေမန်းဟာ ဘာပဲပြောပြော တိုင်းပြည်အတွက် အလုပ်လုပ်တဲ့ သူတစ်ယောက် ဖြစ်လောက်တယ်ဆိုပြီး တော့ သူနဲ့တွဲလုပ်တယ်။ နောက်ဆုံးပြောရရင် စစ်တပ်ဟာလည်း အခုထိ အန္တရာယ်ရှိတဲ့ဟာ မီဒီယာ တွေလည်း မရေးကြဘူး။ မင်းအောင်လှိုင် (လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်)ဟာ သမ္မတ လောင်းထဲမှာ မပါဘူးလို့ မပြောနိုင်ဘူး။
နောက်ဆုံးအနေနဲ့ လူငယ်တွေအတွက် လက်ဆင့်ကမ်းစကားတစ်ခွန်းလောက် ပြောပေးပါ။
လူငယ်တွေကို ပြောချင်တာက ဒီကြုံတွေ့နေတဲ့ ပတ်ဝန်းကျင်လောကကြီး အခြေအနေမှာ တာဝန်ထမ်း ဖို့ကို ကိုယ်လည်း ယုံကြည်တယ်။ ကိုယ့်မှာ တာဝန်ထမ်းဖို့လည်း အခြေအနေတွေ ပေါ်လာတယ်။ အဲ့ဒီ အတိုင်းပဲ လုပ်ဖို့လိုတယ်ဆိုရင် လုပ်ကိုလုပ်ရမယ်။ တစ်ကတော့ ကိုယ်ယုံကြည်ရမယ်ပေါ့ကွာ။ နှစ်က ကိုယ့်ကို အခြေအနေပေးလာတယ်။ သုံးကလည်း လုပ်ဖို့ လိုကို လိုအပ်နေတယ်ဆိုရင် လုပ်ကို လုပ်ရမှာပဲ။
၂ဝ၁၃ခုနှစ် နိုဝင်ဘာလ၁ဝရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းတွင်ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းလုံးကျွတ် ၂ဝဝ၈ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲကြီးအား တွေ့ရစဉ်။ အဆိုပါဆန္ဒခံယူပွဲတွင် သဘာပတိဖြစ်သူ ဦးဝင်းတင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန် ဆန္ဒပြုခဲ့သော်လည်း တက်ရောက်သူပေါင်းနှစ်သောင်းခန့်မှ ရာခိုင်နှုန်း ၉ဝ ကျော်သည် ပြင်ဆင်ရေးကိုသာ ဆန္ဒပြုခဲ့သည်။ (ဓာတ်ပုံ- ဟောင်ဆာ)
၂ဝ၁၃ခုနှစ် နိုဝင်ဘာလ၁ဝရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းတွင်ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းလုံးကျွတ် ၂ဝဝ၈ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲကြီးအား တွေ့ရစဉ်။ အဆိုပါဆန္ဒခံယူပွဲတွင် သဘာပတိဖြစ်သူ ဦးဝင်းတင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန် ဆန္ဒပြုခဲ့သော်လည်း တက်ရောက်သူပေါင်းနှစ်သောင်းခန့်မှ ရာခိုင်နှုန်း ၉ဝ ကျော်သည် ပြင်ဆင်ရေးကိုသာ ဆန္ဒပြုခဲ့သည်။
(ဓာတ်ပုံ- ဟောင်ဆာ)
မင်းမင်း
အေးချမ်းမွန် Credit To >Mizzima - News in Burmese

Post a Comment