Created on Monday, 25 November 2013 01:47
အစိုးရဘက်က တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးရန် တောင်းဆိုထားသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဆွေးနွေးပွဲမှ ဖွဲ့စည်းခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ခေါင်းဆောင်၊ UNFC ၏ အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာက နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
နိုင်ငံရေး ဆွေးနွေးမှု ပြုလုပ်ခြင်းသည် အချိန်များစွာ ယူရကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် အေးချမ်းစွာ ဆွေးနွေးပါက ပိုမိုနားလည်မှု ရရှိသဖြင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးရန် စီစဉ်ထားကြောင်း ဦးနိုင်ဟံသာက ပြောကြားသည်။
"ကျွန်တော်တို့က အပစ်ရပ်လက်မှတ် ထိုးပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲကို တက်လိုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ တစ်ခုလိုလားတယ်။ အဖွဲ့အချို့နဲ့ လက်မှတ်ထိုးပြီးတော့ ကျန်တဲ့အဖွဲ့ တစ်ချို့ကို ဖိတိုက်တဲ့ ပုံစံမျိုး အစိုးရက အဲဒီလို အစဉ်အလာ လုပ်ခဲ့ဖူးတယ်။ ဒါမျိုး ကျွန်တော်တို့ အဖြစ်မခံသင့်ဘူး။ အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဘာတောင်းဆိုလဲဆိုတော့ အစိုးရဘက်က တစ်ပြည်လုံး အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးပါ" ဟု ဦးနိုင်ဟံသာက ပြောကြားသည်။
လက်ရှိတွင် အစိုးရနှင့် ရှမ်းတိုင်းရှင်းသား လက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ ရရှိပြီးနောက် တိုက်ပွဲပေါင်း ရာကျော်ဖြစ်ပွားနေခြင်းမျိုးသည်
လက်မှတ်ထိုးနိုင်ရေးအတွက် ခိုင်မာသည့် အနေအထားများ ဖန်တီးရာတွင် နီးကပ်နေသည့် တပ်များ၊ ရောနှောနေသည့် တပ်များနေရာချထားခြင်း တပ်များ၏ လှုပ်ရှားမှု ဂွင်များသတ်မှတ်ပေးခြင်း၊ စစ်ဘက်ဆိုင်ရာ စည်းကမ်းများ နှစ်ဖက်လုံးမှ လိုက်နာအောင် ဖန်တီးပေးခြင်း၊ အပစ်ရပ်စဲရေးကို စောင့်ကြည့်သည့် အဖွဲ့များ ဖွဲ့စည်းထားခြင်း စသည်တို့ကို ဆောင်ရွက်ရမည်ဟု ဦးနိုင်ဟံသာက ပြောကြားသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment