0

Tuesday, November 26, 2013

ပြည်နယ်နှင့် တိုင်းဒေသကြီးမြို့ အသီးသီးရှိ စီးပွားရေးကြော်ငာများ တပ်ဆင်ထားသော LED Monitor Board ကြီးများတွင် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် စိတ်ဝင်စားဖွယ်ရာ အားကစားပြိုင်ပွဲများ အား တိုက်ရိုက်ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ထားကြောင်း အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ စီးပွားရေးကြော်ငြာ ဘုတ်ကြီးများတွင် Sky Net ရုပ်သံဌာနနှင့် ဆက်စပ်၍ ထုတ်လွှင့်နိုင်ရေးကို စီစဉ်ထားရှိပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးကပြောသည်။ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားနှင့် မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်မည့် မြန်မာပြည်သူများ စိတ်ဝင်စားမည့် အားကစားပြိုင်ပွဲများကို တိုက်ရိုက်ထုတ်လွှင့် ပြသပြီး ပြည်သူများ ကြည့်ရှုနိုင်စေရေးအတွက် နေပြည်တော်ရှိ မြို့မဈေးရှေ့၊ သပြေကုန်းဈေးရှေ့၊ ပျဉ်းမနားမြို့ မြို့တော်ခန်းမရှေ့၊ လယ်ဝေးအားကစားကွင်းရှေ့၊ လယ်ဝေးဈေးလမ်းဆုံရှေ့နှင့် တပ်ကုန်းဈေးရှေ့တို့တွင် LED Board ကြီးများကို တပ်ဆင်ထားပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးကပြောသည်။ ဒီဇင်ဘာ လ ၇ ရက်နေ့မှစတင်ကျင်းပမည့် အမျိုးသား ဘောလုံးပြိုင်ပွဲများကို တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများနှင့် အားကစားနည်း ၃၃ နည်းအနက် လက်ရှိတွင် ၁၉ မျိုးကို တိုက်ရိုက်ထုတ်လွှင့်နိုင်ရန် စီစဉ်ထားပြီး ကျန်အားကစားနည်းများ Delay ထုတ်လွှင့်သွားမည်ဖြစ်သည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် လက်ရှိထုတ်လွှင့်နေသော လိုင်းများနှင့် Digital နည်းပညာဖြင့် ထုတ်လွှင့်သော Sport Channel များအပြင် MRTV 4, Sky Net လိုင်းများမှလည်း တိုက်ရိုက်ထုတ်လွှင့်မှုများ၊ Dealy ထုတ်လွှင့်မှုများ စီစဉ်ဆောင်ရွက်ထားရှိကြောင်း ဒုတိယ၀န်ကြီးက ပထမအကြိမ်ပြည်သူ့ လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ်နှင့်ငွေဆောင်တို့တွင် ကျင်းပမည့် အားကစားပြိုင်ပွဲများအတွက် နေပြည်တော် လုံခြုံရေးဆပ်ကော်မတီ၊ ရန်ကုန်ဇုံ လုံခြုံရေးဆပ်ကော်မတီ၊ မန္တလေးဇုံခြုံရေး ဆပ်ကော်မတီ၊ ငွေဆောင်ဇုံလုံခြုံရေး ဆပ်ကော်မတီနှင့် မီးရှူးတိုင်လုံခြုံရေး ဆပ်ကော်မတီဟူ၍ ကော်မတီ ၅ ရပ်ဖွဲ့စည်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဇုန်များအလိုက် လုံခြုံရေးဆပ်ကော် မတီများတွင် လုံခြုံရေးကိစ္စများကို ပေါင်းစပ်ညှိနှိုင်းပြီး (က) နေရာလုံခြုံရေး၊ (ခ) လမ်းကြောင်းလုံခြုံရေး၊ (ဂ) လူပုဂ္ဂိုလ်လုံခြုံရေး၊ (ဃ) ယာဉ်တန်း လုံခြုံရေး၊ (င) နယ်မြေလုံခြုံရေး၊ (စ) အရေးပေါ်လုံခြုံရေးနှင့် (ဆ)မီးဘေးလုံခြုံရေးဟူ၍ အပိုင်း ၇ ပိုင်းဖြင့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လုံခြုံရေးစီမံချက်ကိုလည်း ရေးဆွဲဆောင် ရွက်ထားရှိပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်ကိုယ် စားလှယ်တစ်ဦး၏ မေးမြန်းချက်တွင် ထည့်သွင်းဖြေကြားခဲ့သည်။

ထွန်းထွန်း

အေးချမ်းမွန် Credit To > Internet Journal

Post a Comment

 
Top