ဖနိဒါ| အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၃ ခုနှစ်
အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းကတည်းက တရားစွဲဆိုထားရာ အမြန်ဆုံး အမိန့်ချပေးရန် ဖားကန့်မြို့နယ် တရားရုံးသို့ ဒေါ်ဘောက်ဂျာက နိုဝင်ဘာ ၂၅ ရက်တွင် လျှောက်ထားခဲ့သည်ဟု သူမ၏ရှေ့နေဦးယော်ထုံက မဇ္ဈိမကို ပြောသည်။
“သူက အပြစ်ရှိတယ်ဆိုရင်တော့ အမြန်အမိန့်ချပေးဖို့ ပြောတယ်။ အချုပ်မှာနေရတဲ့ အချိန်တွေအတွက် နစ်နာတယ်ဆိုပြီး ဒေါ်ဘောက်ဂျာ ပြောတယ်။ ဒီနေ့ ရုံးချိန်းမှာက အဝေးရောက်သက်သေခံချက်နဲ့ ပတ် သက်လို့ တရားဝင် ပြောတယ်”ဟု ၎င်းက ပြောသည်။
နိုဝင်ဘာ ၂၅ ရက် ရုံးချိန်းတွင် တရားလိုပြသက်သေဖြစ်သူ အထွေထွေအုပ်ချုပ်ရေးရုံးမှ ၀န်ထမ်းဦးလှမျိုး ထွန်းက သက်သေထွက်ဆိုရန် တရားရုံးသို့ ရောက်ရှိလာခြင်းမရှိသဖြင့် အဝေးရောက်သက်သေခံရန် တရားရုံးက ယနေ့ (နိုဝင်ဘာ ၂၅) တွင် လျှောက်လဲခဲ့ကြောင်း ရှေ့နေဦးယော်ထုံက ဆက်ပြောသည်။
လာမည့် နိုဝင်ဘာလ ၂၈ ရက်တွင် ရှေ့နေများဘက်မှ မေးမြန်းလိုသည့် မေးခွန်းများအား စစ်ဆေးပေး မည့် ကော်မရှင်သို့ ပေးပို့ထားပြီး ၎င်းမေးခွန်းများကို ဆားလင်းကြီးမြို့နယ် တရားရုံးတွင် စစ်ဆေးသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဦးလှမျိုးထွန်းက အုပ်ချုပ်ရေးရုံးက ၀န်ထမ်းဖြစ်တဲ့အတွက်ကြောင့် ခရိုင်အဆင့်ဆင့်ကနေ ခရီးသွားလာ မှုကို ခွင့်မပြုဘူး။ ဒါကြောင့် အဝေးရောက်သက်သေခံပေးဖို့ပဲ ခွင့်ပြုတယ်”ဟု ဦးယောထုံက ပြောသည်။
ဒေါ်ဘောက်ဂျာကို ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် တရားစွဲဆိုထားသော်လည်း အမှန်တကယ် နိုင်ငံရေးအမှု နှင့်ဆက်စပ်၍ ဖမ်းဆီးခံရခြင်းဖြစ်သည့်အတွက် နိုင်ငံရေးအကျဉ်းသားများနှင့်အတ
“ခု နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ရှိတယ်။ ဒီထဲမှာလဲ ပါစေချင်တယ်။ အခုက သူ့ကို စွဲထားတာ က ပြစ်မှုပိုင်းနဲ့ သွားထားတယ်။ နိုင်ငံရေးနဲ့ မစွဲတာ၊ ဒါပေမဲ့ နိုင်ငံရေးလုပ်လို့ဖြစ်သွားတဲ့ ကိစ္စဆိုတာ ပေါ် ပေါက်တယ်”ဟု ပြောသည်။
လာမည့်ဒီဇင်ဘာလ ၉ ရက်တွင် တရားစွဲခံထားရသူ ဒေါ်ဘောက်ဂျာအား စွဲဆိုထားသော လိုင်စင်မရှိဘဲ ဆေးပစ္စည်းများ ကိုင်ဆောင်မှု (မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေ ပုဒ်မ ၃၃) ကို စစ်ဆေးမည်ဖြစ်ပြီး တရား လိုဘက်မှ လျှောက်လဲချက်ပေးရန်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့ရဲတပ်ဖွဲ့သည် ဒေါ်ဘောက်ဂျာကို ဖမ်းဝရန်းထုတ်ခြင်းမရှိဘဲ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေပိုင်းက နေအိမ်၌ဖမ်းဆီးခဲ့ပြီး လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်းကိုင်ဆောင်မှုနှင့် လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်ထားမှုများဖြင့် တရားစွဲဆိုထားသည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese
Post a Comment