၂ဝ၁၁ခုနှစ်အတွင်း တပ်မတော်နှင့် KIO တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့်
မေး။ ဒီကယ်ဆယ်ရေးစခန်း စတင်ပေါ်ပေါက်ခဲ့ပုံကို သိချင်ပါတယ်။
ဖြေ။ ၂ဝ၁၁ခုနှစ် ဇွန် ၁၇ရက်ကပါ။
မေး။ ကယ်ဆယ်ရေးစခန်းမှာ လူဦးရေဘယ်လောက် ရှိပါသလဲခင်ဗျ။
ဖြေ။ စခန်းမှာ ရွာ ၆၈ ရွာက ၈၂၇၂ ဦးရှိပါတယ်။ IDP စခန်းမှာ ဘာသာစုံတော့ရှိပါတယ်။ ပိုများတာက ကချင်လူမျိုးတွေ၊ တခြားကတော့ ရှမ်း၊ ဗမာ၊ ပလောင်၊ တရုတ်လူမျိုးတွေ ရှိပါတယ်။
မေး။ ဘယ်အရပ်ဒေသက လူတွေများလဲဗျ။
ဖြေ။ မိုးမောက်နဲ့ ဝိုင်းမော်ကလူတွေများတယ်။
မေး။ တရုတ်လူမျိုးတွေဆိုတာက.... ဒီနိုင်ငံသားတွေပဲလား။
ဖြေ။ တရုတ်လူမျိုးတွေလဲ ဒီအနီးတစ်ဝိုက်မှာနေထိုင်ကြတဲ့ ပြည်သူလူထုဆိုတော့ ဒီစခန်းကို ရောက်လာကြတာပေါ့။ သူတို့က ကချင်ပြည်နယ်မှာနေတာကြာလာတော့လဲ
မေး။ ကယ်ဆယ်ရေးစခန်းမှာနေထိုင်ကြတဲ့သ
ဖြေ။ လက်ရှိ ဒီစခန်းကို အကူအညီပေးနေတာက ဗန်းမော်ကရုဏာတို့က အဓိကကူညီနေတယ်။ ဆန်၊ ဆီ၊ ဟင်းဖိုး၊ တခြားအဖွဲ့အစည်းတွေကတော့မေတ္တာအဖ
မေး။ အခက်အခဲတွေရောရှိသလား။ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ဘယ်လိုအခက်အခဲ တွေရှိပါသလဲခင်ဗျ။
ဖြေ။ အခက်အခဲဆိုတာလဲ အတူတူတွေပါပဲ။ သူများက လာပေးထားလို့သာ စားနေသောက် နေရတာပါ။ ဆေးဝါးနဲ့ပတ်သက်ပြီးတော့ တစ်ခါတလေပြတ်သွားတဲ့ အချိန်တွေရှိတာပေါ့။ ရာသီဥတုနဲ့ ပတ်သက်ပြီးတော့ အခက်အခဲမရှိပါဘူး။
မေး။ ပြည်ပအဖွဲ့အစည်းတွေဆီကရော ကူညီထောက်ပံ့မှုတွေမရဘူးလား။
ဖြေ။ အဓိက ကတော့ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့တွေက
မေး။ မိသားစုတိုင်းရရှိပါသလား။
ဖြေ။ မိသားစုတိုင်းရရှိပါတယ်။
မေး။ လူတစ်ဦး ဒါမှမဟုတ် မိသားစုတစ်စုကို ဘယ်လိုခွဲတမ်းမျိုးရရှိပါသလဲ။
ဖြေ။ တစ်လကို လူတစ်ဦး ဆန်ခြောက်ပြည်နဲ့ခြောက်ဘူးနှုန်း
မေး။ ဒီကယ်ဆယ်ရေးစခန်းမှာနေထိုင်တဲ့သ
ဖြေ။ အနီးတစ်ဝိုက်မှာ စိုက်ခင်းတွေ စိုက်တာရှိတယ်။ နောက် အနီးတစ်ဝိုက်မှာရှိတဲ့ ငှက်ပျောခြံ၊ ကော်ဖီခြံတွေမှာ နေ့စားဝင်လုပ်ကြတယ်။ တရုတ်လူမျိုးတွေရယ်၊ ဒီမှာရှိတဲ့ ဒေသခံတွေနဲ့ အတူ ပေါင်းစပ်လုပ်တဲ့ခြံတွေပါ။
မေး။ ကလေးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးေ
ဖြေ။ ပညာရေးအခြေအနေကတော့ အရင် အလယ်တန်းအထိရှိတယ်။ ခုနှစ်မှာတော့ မူလတန်း အထိပဲရှိတယ်။ ခုနှစ်မှာတော့ အလယ်တန်းကနေ အထက်တန်းအထိကို လိုင်ဇာအထက်နားမှာရှိတဲ့ အလန်းဗိုမှာ IDP ကျောင်းသားတွေကို ကျောင်းအိပ်ကျောင်းစားနဲ့ထားတယ်
မေး။ ဒီပညာရေးအတွက်ကိုရော ဘယ်သူတွေက ထောက်ပံ့ပေးထားသလဲဆိုတာ သိချင်ပါ တယ်ခင်ဗျ။
ဖြေ။ ဗဟိုစစ်ပြေးဒုက္ခသည်စခန်းကော်မတီ
မေး။ ဒီမှာနေထိုင်တဲ့သူတွေကရော နေရပ်ပြန်ချင်ကြသလား။
ဖြေ။ နေရပ်ကို ပြန်ချင်ကြတဲ့သူတွေပဲ။ ဒါပေမယ့် ပြန်လို့မရသေးဘူး။ ရွာမှာ တိုက်ပွဲဖြစ်တဲ့ နေရာတွေရှိတယ်။ အချို့နေရာတွေမှာက မိုင်းတွေရှိတယ်။ တချို့ တပ်မရှိတဲ့နေရာတွေဆိုရင် တပ်တွေရှိနေတယ်။ကြောက်ကြတာပေါ့ေ
မေး။ တန်ဖိုးနည်းအိမ်ရာတွေကို အစိုးရက ဆောက်ပေးမယ်လို့ပြောတယ်။ အဲ့ဒီအပေါ်မှာရော ဘယ်လိုသဘောရပါသလဲ။
ဖြေ။ ကျွန်တော်တို့အဲ့ဒီအပိုင်းကို သိပ်မသိပါဘူး။
မေး။ KIO ထိန်းချုပ်နယ်မြေအတွင်းမှာ ဒီလိုကယ်ဆယ်ရေးစခန်း ဘယ်နှခုလောက် ရှိပါသလဲ။ လူဦးရေအများဆုံးကရော ဘယ် Camp တွေဖြစ်မလဲခင်ဗျ။
ဖြေ။ KIO နယ်မြေအတွင်းမှာ IDP ၁၇ခု လောက်ရှိတယ်။ ဂျေယန်း Camp က အများဆုံး။လူဦးရေကတော့ လူလတ်ပိုင်းတွေများတယ်။ စခန်း၁၇ခုမှာ လူဦးရေ ၆ဝဝဝဝနဲ့ ၇ဝဝဝဝကြား မှာရှိတယ်။
မေး။ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်ရတဲ့ ပြည်သူတွေအနေနဲ့ ဘာများပြောလိုတာရှိပါသလဲ ခင်ဗျာ။
ဖြေ။ နေရပ်စွန့်ပြီး Camp ထဲမှာ သုံးနှစ်နေလာခဲ့ရတယ်ဆိုတော့ စီးပွားရေးက အရမ်းနောက် ကျနေပြီ။ နောက်ပြီး ကျွန်တော်တို့ပြည်သူတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ် မရေးထိုးရင် နေရပ်ပြန်နေဖို့ဆိုတာမဖြစ်နိုင်
နေထက်ဝေ၊ ကျော်ဇ
အေးချမ်းမွန် Credit To >The Union Daily
Post a Comment