အယ်ဒီတာ့အာဘော် ကဏ္ဍ
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတ
ထိုခေတ်က လူအချို့၏ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုကို နိုင်ငံ့ခေါင်းဆောင် ကြီး တစ်ဦးက ထောက်ပြဝေဖန် မှတ်ချက်ပြုခဲ့ခြင်းဖြစ် သည်။ ထိုခေတ်က ဒီမိုကရေစီသည် ဆေးရိုးလှမ်းသည့် ဒီမိုကရေစီဖြစ်ခဲ့ဟန် တူသည်။ ယနေ့ခေတ်ကတော့ ဆေး ရိုးလှမ်းသည့်ခေတ် မဟုတ်တော့။ ဆူညံသံတွေ နားမခံ သာသည့်ခေတ်ဟု ဆိုရမည်ထင်သည်။
မြို့ပြရန်ကုန်ဖြစ်သည့်အလျောက် ကားသံ၊ လူသံ၊ ဟွန်းသံတွေဖြင့်တရစပ် ဆူညံနေသည်မှာ မြို့ပြလက္ခဏာ ဖြစ်သည့်အလျောက် ဒီလောက်တော့ ရှိမှာပေါ့ ဟုသဘော ထားလို့ ရသည်။ သို့ရာတွင် ညလူခြေတိတ်ချိန် တိတ်ဆိတ် သည့် လမ်းမပေါ် ထင်တိုင်းကြဲ တရကြမ်း မောင်းသွား တတ်သည့် ကားများကြောင့် အဆောက်အအုံများပင် တုန်ခါသည်ဟု ဆိုလျှင် ယုံချင်မှယုံကြပေလိမ့်မည်။ ထား တော့ ဒါကညပိုင်း ဖြစ် သည်။
နေ့ခင်းပိုင်း ကျတော့ ပို ဆိုးသည်။ ယခုလို တန်ဆောင်မုန်းလတွင် တန်ဆောင် တိုင်ပွဲလမ်းများကြောင့် ရပ်ကွက်အသီးသီးတွင် ဆိုက် ကားဂိတ်ကအစ တန်ဆောင်တိုင်အလှူမဏ္ဍပ်ထိုးပြီး ဆောင်းဘောက်၊ ဓာတ်စက်များဖြင့် တရားခွေဖွင့်၊ သီ ချင်းခွေဖွင့်ဖြင့် ဘယ်ဟာမှ နားထောင် လို့ မရအောင် ဆူညံရှုပ်ထွေး ကျယ်လောင်စွာ ဖွင့်တတ်သည့် အသံချဲ့ စက်အသံသည် သာမန်နားစည်အမြှေးပါးက လက်ခံနိုင် သည့် အသံဆူညံမှုနှုန်း ဒက်ဆီဘယ်ကို ကျော်လွန်နေတော့ သည်။ ဒီကြားထဲ ဝတ်လှည့်ဆွမ်းလောင်းအသင်းအလှူခံ များနှင့် ထီလှည်းများကဖွင့် သည့်သီချင်း သံနှင့် အလှူခံ ဆရာ ဆရာမိုက်ခဲများ၏ ဓမ္မကထိကလေသံဖြင့် အမျှင် မပြတ် နှိပ်စက်သည့် အသံများက ပါသေးသည်။
ထိုအသံ များက ရုံးသမားဝန်ထမ်းများ အိပ်ရာမနိုးမီကတည်းက ည ၉ နာရီ၊ ၁၀ နာရီခန့်ကျမှ ချုပ်ငြိမ်းပျောက်ကွယ်ကာ နိဗ္ဗာန်ဆိုက်တော့သည်။
ထိုသို့ဆိုသဖြင့် ရပ်ကွက်အတွင်းက အလှူခံများ ကို အပြစ်တင်လိုခြင်း မဟုတ်ပါ။ ဘာသာရေး၊ အလှူအတန်း များဖြစ်ပြီး လှူရတန်းရကာ ဒါနပါရမီကို နှိုးဆော်သူ များဖြစ်သဖြင့် အိမ်မှာနေရင်းကပင် ကုသိုလ်ပြုနိုင်သေး သည်ဖြစ်ရာ ကျေးဇူးတင်ဖို့ ကောင်းပါသည်။
သို့ရာတွင် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဖြစ်စေမည့် အသံချဲ့စက် များကို နားခံသာစေရန် ထိန်းထိန်းသိမ်းသိမ်း ဖွင့်သင့် ဟောပြောသင့်လှပေသည်။ ထိုအသံများသည် လယ် ကွင်းထဲ ဖွင့်နေခြင်းမဟုတ်သည်ကို သတိပြုသင့်ပေ သည်။ ယခုအခါ ရန်ကုန်မြို့၏ အချို့သော မြို့နယ်၊ ရပ်ကွက်များအတွင်း တွင် လယ်ကွင်းထဲ အော်လံတပ်ဖွင့် သလိုမျိုး၊ တောရွာတွင် အလှူ မင်္ဂလာဆောင် ဖွင့်သလို မျိုး အသကုန်ဖွင့်နေရာ များစွာနား ဒုက္ခရောက် ရပေသည်။
ထိုအသံများသည် တောရွာတွင် ထွေးညိုသီချင်းသံဖြင့် ကြီးပြင်းလာရသူများ ပင် နားမခံသာအောင် ဖြစ်နေတော့ ရာ ယနေ့ မြန်မာ့ဒီမိုကရေစီခေတ်သည် ဓာတ်စက်ကို ဖွင့်ချင်သလို ဖွင့်လို့ရသော ဒီမိုကရေစီခေတ်အဖြစ် ကျ ရောက်နေပြီး လူတစ်ဦးချင်းစီ၏အခွင့်အရေးကို လေးစား တန်ဖိုးထားမှု မရှိဘဲ မသိမသာ ချိုးဖောက်နေမှုအဖြစ် ရောက်ရှိနေသည်ကို သတိပြုသင့် လှပေသည်။
ထိုအချက် များသည် တရားဥပဒေထုတ်ပြန်ပြီး တားမြစ်စရာလိုသည့် ကိစ္စမဟုတ် ဘဲ မိမိတို့တစ်ဦးချင်းစီက အခြားသောသူများ ၏ အခွင့်အရေးကို တန်ဖိုးထားလေးစားသည့်အနေဖြင့် လိုက်နာကျင့်သုံးနိုင်ရန် လိုအပ်သည့် အခြေခံလူ့ကျင့် ဝတ်တစ်ခုပင် ဖြစ်ပါကြောင်း။
အယ်ဒီတာ
နိုဝင်ဘာ ၁၀၊ ၂၀၁၃
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment