ရန်ကုန်၊ နိုဝင်ဘာ ၂၈
တရုတ် (တိုင်ပေ) အခြေစိုက် HTC ကုမ္ပဏီထုတ် ပထမဆုံး တက်ဘလက်ဖုန်း (Phablet Smartphone) အမျိုးအစား ဖြစ်သည့် HTC One Max စမတ်ဖုန်းသစ်ကို မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၁ ရက်နေ့ စတင် ရောင်းချမည် ဖြစ်ကြောင်း HTC Myanmar ထံမှ သိရသည်။
HTC ၏ Flagship Family Series မှ နောက်ဆုံးထုတ် အဆင့်မြင့် စမတ်ဖုန်းသစ်တစ်မျိုး ဖြစ်သည့် HTC One Max ကို ကျပ် ၆၉၉,၀၀၀ ကျပ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း HTC Myanmar ထံမှ သိရသည်။
အဆိုပါဖုန်းကို အောက်တိုဘာလ ၁၄ ရက်နေ့က ဥရောပနှင့် အာရှတွင် စတင် မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတွင် နိုဝင်ဘာလ အတွင်းက စတင် မိတ်ဆက်ခဲ့ကာ ယခုအခါ စတင် ရောင်းချရန် စီစဉ်ခြင်း ဖြစ်ကြောင်း HTC Myanmar ထံမှ သိရသည်။
ယင်းဖုန်းတွင် ပါရှိသော Finger- print Scanner အပါအဝင် နောက်ဆုံးပေါ် Feature များ အကြောင်းကို HTC မှ ကျွမ်းကျင်သော နည်းပညာရှင်များ ကိုယ်တိုင် ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ဒီဇင်ဘာလ ၁ ရက်နေ့၌ လာရောက် ဆွေးနွေး ရှင်းပြမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly< Thankhttps://www.facebook.com/excellencemedia
Post a Comment