အီတလီ Fiat ရဲ့  လူကြိုက်များ မီနီကား Fiat 500 ကိုလည်း လော့အိမ် ဂျလစ် မော်တော်ယာဉ် ပြပွဲမှာ မြင်တွေ့ ခဲ့ရ ပါတယ်။ Fiat 500C GQ လို့အမည်ပေးထားတဲ့ ဗားရှင်းသစ်တစ်ခု ဖြစ်ပါတယ်။
အင်ဂျင် အရွယ် ၁.၄ လီတာ ရှိပြီး မြင်းကောင်ရေအား ထုတ်လုပ်မှု ၁၆၀ ဝန်းကျင် ရှိတဲ့ ဆလင်ဒါ လေးလုံးပူး အင်ဂျင်ကို အသုံးပြု တပ်ဆင် ထားပါ တယ်။ တံခါး ၂ ပေါက် လေးယောက်စီး မီနီကားငယ် ဖြစ်ပါ တယ်။ ဗြိတိန် က ထုတ်လုပ်တဲ့ Mini Cooper ကို အဓိက ယှဉ်ပြိုင်နေတဲ့ ကား ဖြစ်ပါတယ်။ ဥရောပ ဈေးကွက်မှာ သူတို့ ၂ စီးက အပြိုင်ပါပဲ။ အမေရိကမှာတော့ Fiat 500 က ပိုပြီးတော့ လူကြိုက်များတယ်လို့ စစ်တမ်းတစ်ခုမှာ ဆိုထား ပါတယ်။ အင်ဂျင်စွမ်းဆောင်ရည် အပိုင်းအရ Fiat က ၁၅၀၀ စီစီထက် မပိုတဲ့ အရွယ်အစားကို ထုတ်လုပ်မှုများပြီး Mini Cooper ကတော့ အရွယ်ကြီး ၃၀၀၀ စီစီအထိတောင် Edition တွေ ထုတ်ဖူး ပါတယ်။
ပြပွဲမှာ မြင်တွေ့ရတဲ့ ၂၀၁၄ မော်ဒယ် Fiat 500C GQ Edition ကို တစ်လအတွင်း ကမ္ဘာ့ ဈေးကွက် ဖြန့်ချိ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: autoblog
Colay.com.mm
http://www.colay.com.mm/automobile/news/detail/1248
အေးချမ်းမွန် Credit To >Colay:Automobile
Post a Comment