DKBA ဗိုလ်ချုပ်ကြီးစောလားပွယ် နဲ. ကိုကျော်သူ (5 photos)
၂၄.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁၂းဝဝ) နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကလိုထူးဘော စစ်ဌာနချုပ် (ဆုံဆည်းမြိုင်) သို့ ဗိုလ်ချုပ်ကြီး စောလားပွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေး ၏ ဖိတ်ကြားချက် အရ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် (၁း၃ဝ) နာရီကြာတွေ့ဆုံ၍ ဒေသအတွင်းလူမှုရေးလုပ်ငန်းများ
လုပ်ဆောင်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး D.K.B.A ကလိုထူးဘော
စစ်ဌာနချုပ် ဦးစောလာပွယ် (မိသားစု) နှင့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များ
တို့မှ စုပေါင်း၍ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက် အလှူငွေ ၃ဝဝဝဝဝဝိ/- (သိန်းသုံးဆယ်) ကျပ်တိတိအား လှူဒါန်းပေးအပ် ခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူမှ လက်ခံရယူခဲ့သည်။
( နာရေးကူညီမှုအသင်း-ရန်ကုန်)
အေးချမ်းမွန် Credit To >ခေတ်သတင်း

Post a Comment