နေပြည်တော် ။ ။ နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း သည် မြန် မာ နိုင်ငံ ၏ နိုင်ငံရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တွင် တည်ငြိမ် မှုမရှိသေး ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်း လဲမှုများတွင် စီးပွားရေးလုပ်ငန်း ရှင်များ၏ အကျိုးအမြတ်အတွက် မြေ ယာများ သိမ်းယူမှုများကို ဟန့်တားနိုင် ခဲ့ပြီး သောင်းနှင့်ချီသော မြေယာရှင် များ၏ မြေယာပိုင်ဆိုင်မှုကို အာမခံ ချက်ပေးနိုင်ခြင်းတို့ကြောင့် ပြည်သူတို့ ၏ ထောက်ခံမှုကို တဖြည်းဖြည်းရရှိ လာသော်လည်း တည်ငြိမ်မှုမရှိသေး သကဲ့သို့ များစွာဆောင်ရွယ်ဖွယ်ရာ များ ကျန်ရှိနေသေးသည်ဟု ဆိုသည်။ ဝန်ကြီးဦးစိုးသိန်းက မြန်မာနိုင်ငံ၏ နိုင်ငံရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး တွင် တည်ငြိမ်မှုရရှိရန်အတွက် ပြည် သူများ၏ ယုံကြည်ထောက်ခံမှု ရရှိရန် လိုအပ်သည်ဟုဆိုသည်။
ဦးစိုးသိန်းက လာမည့်နှစ်တွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတွင်း လူဦးရေထူထပ်သော မြို့နယ် ၃၃၀ သို့လှည့်လည်ကာ ဒီမိုကရေစီလမ်း စဉ် ဖော်ဆောင်ရာတွင် အရေးကြီးသော အရာများကို ပြည်သူများသို့ ရှင်းလင်း ပြောကြားသွားမည်ဟု ဆိုသည်။
Ref: Straits times
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment